ပြည်နယ်အစိုးရရုံးစိုက်တဲ့ မြို့တော်စစ်တွေမှာ ဖေဖော်ဝါရီလ ၂၁ ၊ဒီနေ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီကငွေ ကြေးထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တဦးကို နှစ်သောင်းကျပ်စီထောက်ပံ့ပေးပြီး စစ်ဘေးရှောင်လူဦးရေ ၁၃၁၃၂ ဦးအတွက် တလစာငွေကျပ် ၂၆၂ ဒသမ ၆၄ သန်းကို ဇန်နဝါရီ လအတွက် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီခိုင်သဇင်ခန်းမမှာ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ဇနီးပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တ ရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ စစ်ဘေးရှောင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုယ်စားကိုယ်စားလှယ်နှစ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က မာန်အောင်မြို့နယ်မှစစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုယ်စားလှယ်နှစ်ဦးကိုလည်း ထောက်ပံ့ငွေပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက စစ်တွေမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းတိုက်တွေကစစ်ဘေးရှောင်ပြည်သူတွေအတွက်ကိုယ်စားလှယ်နှစ်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက စစ်ဘေးရှောင်ဘင်္ဂါလီ (မူရင်းအသုံးအနှုန်း) လူမျိုးတွေအတွက် ကိုယ်စား လှယ်နှစ်ဦးကိုလည်း ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေကို ငွေကြေးကူညီထောက်ပံ့ပေးတယ်ဆိုပေမယ့် စစ်ဘေးရှောင်အများစုက လက်ခံမရရှိသေးသလို စစ်ဘေးရှောင်တွေကို တကယ့်ကူညီထောက်ပံ့တာမဟုတ်ဘဲ ဝါဒဖြန့်အသုံးချရုံသာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်ကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့တားမြစ်ထားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် နိုင်ငံတကာလူသားချင်းစာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်း တားဆီးကန့်သတ်ထားတာမို့ စစ်ဘေးရှောင်တွေအပါ အဝင်အာရက္ခပြည်သူတွေလည်း စားဝတ်နေရေးအပါအဝင် ကျန်းမာရေးစောင့်ရှောင်မှုအခက်အခဲတွေလည်း ကြုံတွေနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။




