ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidary Organization) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားခရိုင်၊ နက်ဖ်ချောင်းဆရီမြို့အနီးတောတွင်းမှာ စစ်ရေးလေ့ကျင့်ပေးနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီအဖွဲ့ဟာ မောင်တောခရိုင်သိမ်းတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ကြသလို အာရက္ခ-ဘင်္ဂလာနယ်စပ်တလျှောက်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေကြသေးတယ်လို့လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
သူတို့ဟာ နတ်မြစ်အတွင်းမှာလည်းလှု ပ်ရှားနေကြသလို အင်းအားများပြားလာနေပြီး စစ်လက်နက်မျိုးစုံကိုအသုံးပြုပစ်ခတ်ဖို့စစ်သင်တန်းတွေလည်း ဆ က်လက်သင်ကြားနေကြတယ်လို့ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
သူတို့ဟာ ဘူးသီးတောင်၊မောင်တောဒေသမှာ ၁၉၄၈ ခုနှစ်ကစတင်လှုပ်ရှားခဲ့ကြပြီး အဲဒီလှုပ်ရှားမှုဟာ ၁၉၆၁ မှာအဆုံးသတ်ပျောက်ကွယ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၀ နှစ်အစောပိုင်းမှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patr iotic Front – RPF) အမည်နဲ့လှုပ်ရှားလာခဲ့ကြပြီးမိုဟာမက်ယူနွတ်ဆိုသူ ဦးဆောင်ကာ RSO အမည်ကို အသုံးပြုလှုပ်ရှားလာခဲ့ကြပါတယ်။
အဲဒီအဖွဲ့ဟာ ဘာသာရေးအပေါ်အခြေပြုလှုပ်ရှားတာမို့ ကမ္ဘာ့မွတ်ဆလင်အဖွဲ့အစည်းတွေက အထောက်အပံ့တွေရရှိလာခဲ့ပါတယ်။
RSO နဲ့ ARIF ပူးပေါင်းပြီး ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရိုဟင်ဂျာအမျိုးသားကောင်စီ (Rohin gya National Council – RNC)ကို ဖွဲ့စ ည်းခဲ့ကြပြီ သူတို့ဟာလက်နက်ကိုင်အဖွဲ့အဖြစ် ရိုဟင်ဂျာအမျိုးသားတပ်မတော်(Rohingya National Army – RNA)ကို ဖွဲ့စည်းခဲ့ကြပါတယ်။
အဲဒီအဖွဲ့ဟာ မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာမှာ အစ ည်းအဝေးလုပ်ပြီး ကုလားတန်မြစ်အ နောက်ဖက်ကမ်းကို သီးခြားနယ်မြေအ ဖြစ်တောင်းဆိုချက်အပါအဝင် အချ က်တချို့ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီRSO စစ်စခန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Cox’s Bazaar ခရိုင်မှာတည်ရှိခဲ့ဖူးပြီး ဘီဘီစီမြန်မာပို င်းကို တာဝန်ခံကိုကိုလွင်က ရုပ်သံအင် တာဗျူးဖြေဆိုထားပါတယ်။
အဲဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအ ခြေစိုက်စစ်ပညာသင်နေကြပြီး အာရက္ခ-ဘင်္ဂလားနယ်စပ်တလျှောက်မှာလှုပ်ရှားနေကြပြီး မောင်တောဒေသကို သိ မ်းယူဖို့ စစ်သည်အင်အားစုဆောင်စစ်ရေးပြင်ဆင်နေကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။
သူတို့စစ်သင်တန်းအပါအဝင်စစ်ရေးလှုပ်ရှားမှုတွေကို လူမှုကွန်ရက်တွေမှာမကြာခဏတင်နေကြပါတယ်။
Comments 1
2tzyf3