ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာ ရမ်ဇာန်လမြတ်အတွက် စျေးဝယ်တာတွေပြုလုပ်နေကြပါတယ်။
အဲဒီဒုက္ခသည်တွေဟာ စခန်းတွေထဲမှာပိတ်လောင်ခံထားကြရပြီး အလုပ်အကိုင်မရှိသူတွေများသလို ပုံမှန်ဝင်ငွေမရှိကြတာမို့ ရမ်ဇာန်လမြတ်ဥပုသ်လအတွ င်း ပိုမိုခက်ခဲနိုင်တယ်လို့ ဆိုကြပါတယ် ။
ဒါပေမယ့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တချို့ကတော့ ရမ်းဇာန်လမြတ်အတွက် စားနပ်ရိက္ခာထောက်ပံ့တာတွေရှိတယ်လို့ ရိုဟင်ဂျာတွေက ဆိုကြပါတယ်။
ရသေ့တောင်၊ဘူးသီးတောင်၊မောင်တောမြို့နယ်တွေမှာ ၂၀၁၇ သြဂုတ်လက မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့်၂၀၁၇သြဂုတ်လ ၂၅ ရက်နေ့မှ၂၀၁၈ မတ်လထိရိုဟင်ဂျာကျေး ရွာပေါင်း ၃၆၂ ရွာ မီးရှုံ့ခံခဲရပြီး လူပေါင်းခြောက်သိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Right Watch-HRW) မှ ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေရာတွေကို အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပေမယ့် ရိုဟင်ဂျာဒုက္ခသ ည်တွေ နေရပ်ပြန်ရေးကတော့ မသေချာသေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။