မြောက်ဦးမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေး

By

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကကျေးရွာတွေမှာ ရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်၊အာရက္ခပြည်သူ့ ကျန်းမာရေးဌာနနဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ပူးပေါင်းပြီး မတ်လ ၁ ရက် နေ့ကစလို့ ဆေးကုသပေးနေကြပါတယ်။

အဲဒီရောဂါတွေထပ်ပြီးမပြန့်ပွားစေဖို့ အနာတွေကိုသန့်သန့်ရှင်းရှင်းထားရန်၊ ပိုးဝင်တဲ့လက္ခဏာ၊ ပြည်တည်တဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းတွေကို အချိန်မီသွားရောက်ကုသဖို့ကိုလည်း အသိပညာပေးမှုတွေလုပ်ခဲ့ပါတယ်။

အဲဒီရောဂါနဲ့ပတ်သက်လို့ ရှောင်ရန်၊ ဆောင်ရန်အချက်တွေကိုလည်း ကျန်းမာ ရေးအသိပညာပေးဟောပြောမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

အဲဒီရောဂါ (Chicken Pox) ဟာ ဆောင်းအကုန် နွေရာသီတွေမှာ အဖြစ်များပြီးတော့ အသက်လေးနှစ်မှဆယ်နှစ်ကြားကလေးတွေမှာ ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

အဲဒီရောဂါဖြစ်လာရင် ခန္ဓာကိုယ်ယားယံတာတွေ၊ခြောင်းဆိုးတာတွေ၊ကြွက် သားနဲ့ နောက်ကျောကိုက်ခဲတာတွေ၊ ကိုယ်ပူပြီးတော့ ခန္ဓာကိုယ်အနှံ့အနီစက်၊ အဖုအပိန့်ထွက်တာတွေ၊ ပြည်ရည်အိတ်တွေ၊ ရောင်ရမ်းတာတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here