မြောက်ဦးမှာ မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်လို့အရပ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့ သကျမာရ်အောင်ဘုရား၊ ဘုန်းကြီးကျောင်းအနားကို မတ်လ ၁၈ ရက်၊မနက် ၁ နာရိီအချိန်ခန့်ကစလို့ စစ်ကောင်စီတပ်က တိုက်လေယာဥ်နှစ်စီးနဲ့ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတိုက်လေယာဥ်နှစ်စီးဟာသကျမာရ်အောင်ဘုရား၊ ဘုန်းကြီးကျောင်းနားတဝိုက်ကိုပဒေသာဗုံး(Cluster) ဆယ်လုံးတွဲ နှစ်လုံး၊ မီးလောင်ဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီဗုံးသီးပေါက်ကွဲမှုကြောင့်အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့သလိုကျွဲနှစ်ကောင်လည်းဒဏ်ရာရရသွားပြီးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ နေဗီတွေ၊ တိုက်လေယာဥ်တွေ၊ ဒရုန်းတွေ၊ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။








