စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအခမ်းအနားပြုလုပ်

Photo – ALP

By

စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်အဖွဲ့ဟာ စစ်တွေမြို့မှာအခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီအခမ်းအနားကို ပါတီပြန်လည်ထူ​ထောင်တဲ့ ၃နှစ်​မြောက်နှစ်ပတ်လည်​နေ့ အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရ NCA – SEAO၊ ပြည်နယ်တာဝန်ရှိလူကြီးတွေ၊ နိုင်ငံ​ရေးပါတီတွေက ခေါင်​ဆောင်တွေကို ဖိတ်ကြားကာ လူငါးရာခန့်နဲ့ မတ်လ ၅ ရက်နေ့က ကျင်းပဖို့ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် စစ်​ရေးအ​ခြေ​နေ​ကြောင့်ဖျက်သိမ်းခဲ့ရပြီး ပါတီနဲ့ တပ်မြတ်​တော်ပြန်လည်ဖွဲ့စည်း​ကြောင်း ကြေညာခဲ့တဲ့မတ်လ ၂၀ ရက်​နေ့မှာ ပါတီမှရဲ​ဘော်တချို့နဲ့အမြန်ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတ ယ်။

အဲဒီအခမ်းအနားကို ​မတ်လ ၂၀ ရက်နေ့မှမတ်လ ၂၁ ရက်နေ့ထိ ၂ ရက်ပြု လုပ်ခဲ့သလို တပ်မှူး၊ တပ်ဗိုလ်တွေ အစည်းအ​ဝေးကို မတ်လ ၂၂ ရက်​နေ့ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ ခိုင်စိုးနိုင်အောင်ဦးဆောင်တဲ့အဖွဲ့နဲ့စောမြရာဇာလင်းဦးဆောင်နေတဲ့ခွဲထွက်အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။

ခိုင်စိုးနိုင်အောင်ဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဟာ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်မှာအခြေစိုက်ထားပြီး စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP) ဟာ စစ်တွေမြို့မှာအခြေစိုက်ထားပါတယ်။

စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး စစ်တွေမြို့မှာအကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ အာရက္ခပြည်သူတွေက
ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်ကြားစစ်ရေးတင်းမာနေပြီး စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဟာ အာဏာသိမ်းစစ်တပ်နဲ့ပူး ပေါင်းကာ အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here