အစ္စလာမ်ဘာသာဝင်တွေရဲ့ဘာသာရေးပွဲတော်ကို မတ်လ ၃၁ရက်၊ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ နေရပ်ပြန်ရေးမျှော်လင့်နေကြပေမယ့် ဒုက္ခသည်စခန်းတွေမှာ အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။








