နေပြည်တော်၊ မတ် ၃၁ ။
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်နဲ့ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်၂၃၆၇ မှာ ပြင်းအားကြီး ငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦပြိုကျပြီး ပတ်မိနေသူတွေထဲက သေဆုံးသူရုပ်အလောင်းသုံးလောင်းကို မတ်လ ၃၁ ရက်၊ဒီနေ့မှာနောက်ထပ်ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကထုတ်ပြန်ပါတယ်။
နောက်ထပ်ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။







