ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်မယ်

(ဓာတ်ပုံ – ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတချို့ / လူမှုကွန်ရက်)

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောဒေသကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ အကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်ကြဖို့ပြင်ဆင်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မွတ်ဆလင်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေအကြမ်း ဖက်လှုပ်ရှားမှုတွေ ကျူးလွန်နေကြပြီး အင်အားစုဆောင်လှုပ်ရှားတာတွေပိုမိုပြုလုပ်နေကြသလို နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုဖြစ် လာနိုင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်ထောင်းနဲ့ချီပြီး လူသစ်စုဆောင်းစစ်သင်တန်းပေးလှုပ် ရှားနေကြတာမို့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်သုံးမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်လာကြမှာသေချာနေပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

“ကမ့်ထဲကလူငယ်တိုင်းကိုခေါ်ပြီး စစ်သင်တန်းပေးနေတာပါ။ နယ်စပ်တလျှောက်မှာအများကြီးပါပဲ။ခုနောက်ပိုင်းအင်အားပိုများလာပါတယ်။အိဒ်ပွဲမကျခင်ကတည်းကတိုက်မယ်လို့ သတင်းထွက်နေတာပါ။ ဒီလမတိုက်ရင်မိုးရာသီမှာအကြီးအကျယ်ဖြစ်လာနိုင်ပါတယ်။” လို့ ကုတုပါလောင်ဒုက္ခစခန်းမှရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာအဓိကအခြေစိုက်လှုပ်ရှားနေကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေ အကြမ်းဖက်နှိမ်နင်းရေးတွေကို ထိထိရောက်ရောက်မတားမြစ်၊မလုပ်ဆောင်ကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ မတ်လ ၂၉ ရက်နေ့က တောင်ပြို-ကြိမ်ချောင်းကားလမ်းမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီး သေနတ်တွေယူဆောင်သွားခဲ့ပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်၊မယူတောင်၊ဘဒဂါးတောင်ကျော်လမ်းမှာ မတ် လ ၂၉ ရက်နေ့က ဒေသခံအရပ်သားလေးဦးကိုလည်း ပစ်ခတ်သတ်ဖြတ်အ​လောင်းတွေစွန့်ပစ်ထားခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်ကို သိမ်းပိုက်ထိန်းချုပ်ထာပေမယ့် အလုံးစုံမထိန်းချုပ်နိုင်သေးတာမို့ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတုန်းပဲလို့ အာရက္ခပြည် သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောဒေသမှာ အကြမ်းဖက်သမားတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပေမယ့် အကြမ်းဖက်သမားတွေ ဆက်လက်လှုပ်ရှားကျူးလွန်နေကြတုန်းလို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here