မန္တလေး၊ ဧပြီ ၂ ။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဖန်ချက်ရပ်ကွက်ရှိ ရှေးဟောင်းဘုရားနဂါးရုံဘုရားဟာ အင်အားပြင်းငလျင်ကြောင့်ပြိုကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီဘုရားကြီးဟာအနောက်နန်းမတော်မမြလေးက ဘကြီးတော်လက်ထက်မှာတည်ဆောက်ခဲ့ပြီး အဲဒီဘုရားကြီးရဲ့ဗိသုကာလက်ရာတွေဟာ ပုံစံတူမရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် မန္တလေးကနေရအများစုပြိုပျက်သွားခဲ့သလိုသမိုင်း ဝင်ရှေးဟောင်းဘုရားပုထိုးစေတီ၊ကျောင်းကန်ဇရပ်တွေလည်း ပြိုပျက်သွားခဲ့ကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးရှိ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်းပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။











