မန္တလေး၊ ဧပြီ ၂။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးက ငလျင်ဒဏ်သင့်ပြည်သူတွေ ယာယီတဲတွေ လိုအပ်နေသေးတယ်လို့ ဆိုကြပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် မန္တလေးမြို့နေရာအများစုပြိုပျက်သွားခဲ့သလို လူနေအိမ်တွေ၊တိုက်တွေလည်း ပြိုပျက်သွားခဲ့တာမို့ ယာယီတဲတွေ လိုအပ်နေတာလို့ဆိုကြပါတယ်။
အဲဒီငလျင်ဒဏ်သင့်ပြည်သူတွေကို ယာယီတဲတွေကူညီပေးထားကြပေမယ့်မလုံလောက်ကြတာမို့ အဆင်ပြေသလို နေထိုင်နေကြရသူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးရှိသမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။











