အင်းလေး၊ ဧပြီ ၄။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်၊အင်းလေးဒေသရှိ ရွှေရောင်ကရဝိတ်ဖောင်တော်ကြီးလ ည်း ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် အင်းလေးဒေသက နေရာအများစု ပြိုပျက်သွားခဲ့သလို လူနေအိမ်တွေ၊တိုက်တွေလည်း ပြိုပျက်သွားခဲ့တာမို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးရှိ သ မိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိကျပျက်စီးသွား ခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊စစ်ကိုင်း တိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။




