ကလော၊ ဧပြီ ၆။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်၊ ကလောမြို့နယ်၊ ပိန္နဲပင် ပလောင်ရွာလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဲဒီရွာဟာ ပြီးခဲ့တဲ့မိုးရာသီတုန်းကလည်း ရေကြီးဒဏ်ကိုခံခဲ့ရသလို ခုလည်းငလျင်ဒဏ်ကို ခံခဲ့ကြရပါတာမို့ အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပေးထားကြပေမယ့်မလုံလောက်ကြတာမို့ အဆင်ပြေသလိုနေထိုင်နေကြရသူတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။







