Border News Agency
မဲဆောက်၊ မေ ၁၁။
အာရက္ခနိုင်ငံရေးသမားကြီး ဦးဦးလှစော အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မေလ ၁၁ ရက်၊ ဒီနေ့ကျင်းပခဲ့ကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့ ဗီတာ ၁ စစ်ဒေသ၊ နိုင်ငံရေးမှူးဖြစ်သူဦးဦးလှစောဟာ လည်ချောင်းကင်ဆာနဲ့ပြီးခဲ့တဲ့မေလ ၅ ရက် ည ၁၁ နာရီ ၂၀မိနစ်အချိန် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောမြို့မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သူဟာ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလိုစစ်အာဏာသိမ်းပြီးနောက်ရက္ခိုင်အ မျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ရဲ့နိုင်ငံရေးမှူးတာဝန်ကို ထ မ်းဆောင်နေတာဖြစ်ပါတယ်။
သူဟာ အာရက္ခနိုင်ငံရေးမှူးတာဝန်ကို ထမ်းဆောင်နေချိန် အသက် ၇၂ နှစ်အရွယ်မှာကွယ်လွန်သွားတာဖြစ်ပြီး ကဗျာဆရာ၊ စာရေးဆရာလည်းဖြစ်သလိုမောင်ခိုင်အောင်ကလောင်အမည်ဟာ လူသိများထင်ရှားပါတယ်။
သူဟာ တက္ကသိုလ်ကျောင်းသားလှုပ် ရှားမှုတွေမှာဦးဆောင်ပါဝင်ခဲ့တာမို့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ဒီမိုကရေစီရွေးကောက်ခံအစိုးရသက်တမ်းတွေမှာ အတိုက်အခံကိုယ်စားလှယ်အဖြစ်ထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။

















