Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၁၄။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ့စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်မြိုလူမျိုးတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က ဆင်သည်ဖျား၊ အောင်မကျော်၊ လောင်းဘုတ်စတဲ့ ဝေးလံခေါင် ဖျားတဲ့နေရာတွေက စစ်ဘေးရှောင်လာကြတဲ့မြိုလူမျိုးတွေဖြစ်ကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေပြည်လည်ထူထောင်ရေးအတွက် သက်မွေးဝမ်းကျောင်းပညာသင်တန်းတွေပို့ချပေးတာတွေ၊ ရေရှည်ရပ်တည်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လို့အပ်တယ်လို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။
သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကနေ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်လာခဲ့ကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာအာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီး အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တ ရားတွေ ဖော်ဆောင်နေပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်ကသိမ်းပိုက်ထိန်းချုပ်ထားပြီမို့စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်ပြုထားပေမယ့်လည်း သူတို့ဇာတိကျေးရွာမှာ မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေရှိနေသေးတာမို့ နေရပ်မပြန်ချင်ကြတော့ဘူးလို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီအပြင် ဆင်သည်ဖျား၊ အောင်မကျော်၊ လောင်းဘုတ်စတဲ့ကျေးရွာတွေဟာ ဝေးလံခေါင်ဖျားတဲ့နေရာတွေမို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးကအစအရာရာအဆင်မပြေကြတာမို့ မြို့အနီးအနားမှာသာအခြေချနေထိုင်ချင်ကြတယ်လို့ စစ်ဘေးရှောင်မြိုလူမျိုးတွေက ဆိုကြပါတယ်။






