ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ထပ်မံလေကြောင်းတိုက်ခိုက်

By

Border News Agency
ကျောက်တော်၊ မေ ၁၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို မေလ ၁၅ ရ က်၊ဒီနေ့ စစ်ကောင်စီတပ်ကထပ်မံလေကြောင်းတိုက်ခိုက်ဗုံးနှစ်လုံးကြဲချခဲ့ပါတယ်။

အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်ကိုမေလ ၁၅ ရက်နေ့၊ နေ့လည် ၂ နာရီ ၅ မိနစ်မှာ တလုံး၊၂ နာရီ ၁၀မိနစ်မှာတလုံး နှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာဟာ မေလ ၁၃ ရက်၊ မနေ့ကဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဖြစ်ပြီး ဒီနေ့ထပ်မံကာဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။

အဲဒီထိခိုက်ပျက်စီးမှုအခြေအနေတွေကို Border News Agency ကို စုံစမ်းမေးမြန်နေပြီး အသေးစိတ်ကိုဆက်လက်ဖေါ်ပြပါမယ်။

အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်၊ ရွှေကျောင်းဘုန်းကြီးကျောင်းအနောက်လမ်းကို မေလ ၁၄ ရက်၊ မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်တော်မြို့၊ ရွာမရပ်ကွက်က အသက်ခြောက်ဆယ်လေးနှစ်အရွယ်ဒေါ်ဝင်းရီ၊ပိုက်သည်ရပ်ရပ်ကွက်က အသက်ခြောက်ဆယ်အရွယ် ဒေါ်ယှဥ်စိန်သေဆုံးသွားခဲ့ပါတယ်။

အဲဒီအပြင် ရွာမရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှစစ်ဘေးရှောင်လာသူ အသက်ဆယ့်ရှစ်နှစ်အရွယ်မစန်းစန်းဝင်း သေဆုံးသွားခဲ့ပါတယ်။

အဲဒိီအပြင်ပိုက်သည်ရပ်ကွက်မှ ရွာမရပ်ကွက်ကိုအလုပ်လာလုပ်နေတဲ့ အ သက်ဆယ့်ရှစ်နှစ်အရွယ်မသန်းစုလှိုင်၊အသက်ခုနှစ်ကျော်အရွယ် ဦးဦးကြာစိန်၊သူ့ဇနီးဖြစ်သူ အသက်ခုနှစ်နှစ်အရွယ် ဒေါ်မဲမ ဒဏ်ရာရသွားခဲ့ကြပါတယ်။

ဦးဦးကြာစိန်မှာ ဦးခေါင်းနဲ့ညာဘက်လက်မောင်းမှာထိခိုက်ဒဏ်ရာရှိခဲ့ပြီး မသန်းစုလှိုင်မှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်အ နှံ့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာဒေါ်မဲမမှာ ညာဘက်လက်ချိုင်းအောက်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက် ခိုက်တာကြောင့် ရွာမရပ်ကွက်က ဆေးလိပ်လုပ်ငန်းလုပ်တဲ့နေအိမ်တည့်တည့်ကိုဗုံးလာကျတာမို့ ခုလိုသေဆုံး၊ဒဏ်ရာရသွားတာဖြစ်တယ်လို့ ကျော က်တော်မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင်လူနေအိမ်နှစ်ဆယ်ကျော် ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်လို့လည်းကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက် ခိုက်မှုကြောင့် သေဆုံးသွားသူတွေကိုမနေ့ညက သင်္ဂြိုလ်လိုက်ပြီဒဏ်ရာရသူတချို့ကတော့ ဆေးကုသမှုခံယူနေတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် အာရက္ခဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here