Border News Agency
ကျောက်တော်၊ မေ ၂၁။
ကျောက်တော်မြို့နယ်မှကျေးရွာတချို့မှာ မေလ ၂၀ ရက်၊မနေ့က ရွာသျှင်နတ်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီပူဇော်ပွဲကို ကဆုန်လမှာနှစ်စဥ်ပြု လုပ်ကြပြီး ရွာသူ၊ ရွာသားတွေ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေ ဘေးအန္တရာယ်ကင်းဝေးဖို့အတွက် ဆုတောင်းကြတာလို့ ဆိုကြပါတယ်။
အဲဒီအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကောင်းမွန်ပြီးစပါးအထွက်တိုးဖို့အတွက် မိဘဘိုးဘွားတွေလက်ထက်ကတည်းက ပြုလုပ်လာခဲ့ကြတာလို့ ဆိုကြပါတယ်။
အဲဒီရွာသျှင်နတ်ပူဇော်ပွဲတွေပြုလုပ်ကြရာမှာ ရိုးရာဓလေ့စည်းကမ်းတွေရှိကြပြီး အဲဒီစည်းကမ်းတွေကို ဖောက်ဖျက်လို့ မရဘူးလို့လည်းဆိုကြပါတယ်။
အဲဒီရွာသျှင်နတ်ပူဇော်ပွဲကို မုန့်အပါအဝင် ပစ္စည်းတွေနဲ့ရိုးရာဓလေ့အတိုင်းပူဇော်ဆုတောင်းပြုလုပ်ကြတာလို့ ဆိုကြပါတယ်။









