Border News Agency
မြောက်ဦး၊ ဇွန် ၄။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြည်သူ့ဝန်ဆောင်မှုတွေကိုလည်းဆောင်ရွက်ပေးနေပြီး လမ်း၊ တံတားတချို့ကိုလည်း ပြန်လည်ပြုပြင်နေပါတယ်။
ဒါပေမယ့် စစ်ပွဲတွေမပြီးဆုံးသေးသလိုလူသား၊ နည်းပညာ၊ ငွေကြေးအပါအဝင်အရင်းအမြစ်တွေ အလွန်နည်းပါးနေသေးတာမို့ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတာဝန်ရှိသူတွေက ဆိုကြပါတယ်။
အဲဒီလမ်းတံတားတွေထဲမှာ ပုဏ္ဏားကျွန်း-မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းဟာအလွန်အရေးပါပြီး တချို့နေရာတွေကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရပြုပြင်နေပါတယ်။
အဲဒီလမ်းဟာ ရန်ကုန်-မောင်တောနယ်စ ပ်ကုန်သွယ်ရေးလမ်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီတပ်ကတားမြစ်ပိတ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီကားလမ်းဟာ ရန်ကုန်-စစ်တွေ အ ဝေးပြေကားလမ်းမကြီးနဲ့တိုက်ရိုက်ဆ က်သွယ်ဖောက်လုပ်ထားတာဖြစ်ပြီ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးအတွက် ရန်ကုန်-မောင်တောတိုက် ရိုက်ကုန်စည်စီဆင်းကုန်သွယ်ခဲ့တဲ့လမ်းဖြစ်ပါတယ်။
အဲဒီကုန်သွယ်ရေးကားလမ်းပေါ်ရှိတံ တားတချို့အပါအဝင်လမ်းတွေကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်ပြုပြင်ပြီးလက်ဆက်အ သုံးပြုနေကြတာဖြစ်ပါတယ်။
ဒါပေမယ့် မိုးရွာသွန်းမှုများတာကြောင့်တချို့နေရာတွေမှာ ပြန်လည်ပျက်စီးနေပြီး အခိုင်အမာဖြစ်အောင်ပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီကားလမ်းဟာ မောင်တော-ဘူးသီးတောင်ကြား၊ ဘူးသီးတောင်-ရသေ့တောင်ကြား၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကြားနေရာတချို့ကို ပြန်လည်ပြုပြင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

















