ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြေပြိုတာတွေ ကြုံတွေ့နေရ (ဓာတ်ပုံသတင်း)

(ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘာဇာမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ် ၁၈ မှာ မြေပြိုပျက်စီးနေမှု / BNA)

By

Border News Agency
ကော့ဘဇား၊ ဇွန် ၃။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဇ်ဘာဇာမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မိုးရွာသွန်းမှုများပြီး မြေပြိုတာတွေ ကြုံတွေ့နေကြရပါတယ်။

အဲဒီလိုမြေပြိုလို့ ဒုက္ခသည်နေအိမ်တချို့ပြိုပျက်တာတွေအပါအဝင် သစ်ပင်တွေလှဲချပြီး ဒုက္ခသည်နေအိမ်တွေအ ပေါ်ပြိုချတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

အဲဒီလိုမြေပြိုတာတွေ၊သစ်ပင်လှဲကျတာတွေ မကြာခဏဖြစ်နေတာမို့ ဒုက္ခသည်တွေဟာ စိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ထိရှိနေပြီလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

သူတို့ဟာ နိုင်ငံတကာအကူအညီတွေလျော့နည်းလာကြတာမို့ အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here