မောင်တောမှာ အမျိုးသားအဆင့်မြိုခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

By

Border News Agency
မောင်တော၊ ဇွန် ၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်မှာ ဇွန်လ ၄ ရက်၊ မနေ့က အမျိုးသားအဆင့်မြိုလူမျိုးခေါင်းဆောင်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီပွဲမှာ အမျိုးသားကာကွယ် ရေးပြဋ္ဌာန်းချက်အပေါ်  အမြင်သဘောထားတွေ၊ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုအနုပညာတွေ၊ လူမှုဘဝအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအပြင် မြို၊သက်၊ဒိုင်းနက်လူမျိုးစု ကိုယ်စားလှယ်တွေက အဖွဲ့ဝင်ဆယ်ဦးပါ မြို၊သက်၊ဒိုင်းနက် လူမျိုးစုရေးရာကော်မတီကိုလည်း ရွေးကောက်ခဲ့ကြပါတယ်။

အဲဒီကိုယ်စားလှယ်တွေအပါအဝင် မောင်တော၊ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် လေးမြို့နယ်က သက်ဆိုင်သူတွေပါဝင်ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး လူဦးရေနှစ်ရာကျော်တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here