Border News Agency
ကျောက်တော်၊ ဇွန် ၇။
အစ္စလာမ်ဘာသာဝင်တွေရဲ့ကူရ်ဘာနီအီးဒ်ပွဲတော်ကို ဇွန်လ ၇ ရက်၊ မနေ့စ တင်ပြီး ဇွန်လ ၈ ရက်၊ ဒီနေ့ထိ ကျင်းပနေကြပါတယ်။
အာရက္ခတပ်တော(AA)ထိန်းချုပ်ထားတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေမှာ မွတ်ဆလင်တွေ နေထိုင်နေကြပါတယ်။
အဲဒီနေရာတွေမှာ အစ္စလာမ်ဘာသာရေးအရ ကူရ်ဘာနီအီးဒ်ပွဲတော်ကို ပြင်ဆင်ကျင်းပနေကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ကူရ်ဘာနီအီးဒ်ပွဲတော်ကာလမှာသားသတ်အခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။
“ကူရ်ဘာနီအီးဒ်” ဆိုအစ္စလာမ်ဘာသာမှာ “စွန့်လွှတ်လှူဒါန်းခြင်း” လို့ အဓိပ္ပာယ်ရပြီ မိသားစုတွေ၊ဆွေမျိုးတွေ၊မရှိဆင်း ရဲသားတွေကို သုံးပုံခွဲကာအသားလှူဒါန်းတာလို့ ဆိုကြပါတယ်။








