စစ်တွေမှာ စစ်ကောင်စီစားနပ်ရိက္ခာဖြည့်တင်းနေ

(ဓာတ်ပုံ – စစ်တွေမြို့ဘက်စုံဆိပ်ကမ်းမှာစားနပ်ရိက္ခာတွေတင်ဆောင်နေပုံ / စစ်ကောင်စီ)

By

Border News Agency
စစ်တွေ၊ ဇွန် ၉။

အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားဆဲစစ်တွေမြို့နယ်အတွက် စစ်ကောင်စီက စားနပ်ရိက္ခာတွေ ဖြည့်တင်းနေပါတယ်။

အဲဒီစစ်တွေမြို့သို့ ရန်ကုန်မှကုန်တင်သင်္ဘောကြီးတွေနဲ့စားနပ်ရိက္ခာတွေဖြည့်တင်းနေတာဖြစ်ပေမယ့် အရပ်သားပြ ည်သူတွေကတော့ ကုန်စျေးနှုန်းကြီးမြှင့်တာမို့ စားဝတ်နေရေးခက်ခဲနေကြပါတယ်။

အဲဒီစစ်တွေမြို့သို့ အမ်ဗွီရဲထွန်းအောင် ၁ သင်္ဘောမှာ ဆန်၊အခြေခံစားသောက် ၈၉၉ ဒသမ ၇ တန်ပါလာသလို အမ်ဗွီအောင်ရတနာသီရိ ၁ သင်္ဘောမှာဆန်၊ အခြေခံစားသောက်ကုန် ၁၁၅၀ တန်ပါလာတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအပြင် အမ်ဗွီအောင်ရတနာဌေး သင်္ဘောမှာ ဆန်၊စားသုံးဆီ၊အခြေခံ စားသောက်ကုန် ၁၁၀၅ တန်ပါလာသ လို အမ်ဗွီမင်းခန့်ဖြိုးသင်္ဘောမှာ ဆန်အခြေခံစားသောက်ကုန် ၃၃၇ တန်ပါလာတယ်လို့ ဆိုပါတယ်။

အဲဒီစားနပ်ရိက္ခာတွေကို စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းမှတင်ဆောင်ပြီးစစ်ကောင်စီလူကြီးတွေ၊စစ်ကောင်စီတပ်စခန်းတွေဆီသယ်ယူသွားကြတယ်လို့ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့မှာပိတ်မိကျန်နေကြသူတွေအပါအဝင်စစ်ဘေးရှောင်တွေဟာ အငတ်ဘေးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပြီးအစာအာဟာရပြတ်လပ်သေဆုံးသူတွေလည်းရှိနေတယ်လို့ စစ်တွေမြို့မှပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here