Border News Agency
ကျောက်တော်၊ ဇွန် ၁၈။
အာရက္ခဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာမို့ ရေကြီးပြီး အကူအညီတွေလိုအပ်နေကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၅ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြစ်ရေ၊ချောင်းရေတွေတိုးလာပြီး ထပ်မံရေကြီးနေပါတယ်။
အဲဲလိုမိုးရွာသွန်းမှုတွေကြောင့် ကျောက်တော်မြို့နယ်က ချောင်းတူ၊ ခမောင်းတော၊ ရွက်မညှိုးတောင်၊ မီးရပ်ပြင်၊ ဝါးတောင်၊ ပန်းဖဲချောင်း၊ ကန်စောက်စတဲ့ကျေးရွာတွေနဲ့ယိုးချောင်းဖျားကကျေး ရွာတွေမှာ တောင်ကျရေတွေဝင်ပြီးရေကြီးနေပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းလို့ ကုလားတန်မြစ်ရေတိုးလာတာပြီး မြေနိမ့်ပိုင်းနေရာတွေ၊ ကားလမ်းတွေ၊ ကျေးရွာတချို့၊ စစ်ဘေးရှောင်စခန်းတွေလည်း ရေနစ်နေပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးနေလို့ စစ်ဘေးရှောင်အိမ်ထောင်စုနှစ်ရာကျော် ဘေးလွတ်ရာသို့ပြောင်းရွေ့ထားရတာမို့ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပထမပတ်ကလည်း မိုးသည်းထန်းစွာရွာသွန်းမှုပြီးမြစ်ရေမြင့်တက်လာလို့ ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦးစတဲ့မြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်။




