Border News Agency
လားရှိူး၊ ဇွန် ၂၁။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ဟာသင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေပေးအပ်ခဲ့ပြီး အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ်တခုတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ ဗဇွန်လ ၂၁ ရက်၊ဒီနေ့မှာထုတ်ပြန်ပါတ ယ်။
အဲဒီဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ရဲ့အခြေခံစစ်ပညာသင်တန်း အပ တ်စဉ် ၉ သင်တန်းဆင်းပွဲအခမ်းအနား ကို ဇွန်လ ၇ ရက်နေ့က တအောင်းပြည်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီသင်တန်းဆင်ပွဲမှာ မဟာမိတ်ခေါင်းဆောင်တွေဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက် မတူညီတဲ့အင်အားစုတွေကြားညီညွတ်ရေးလိုအပ်သလို မိမိတို့ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မယ်လို့ ဆိုပါတယ်။
အဲဒီအပြင်သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ကျောင်းသူတွေကိုလည်းဆုချီးမြင့်ပေးခဲ့ပါတယ်။
အဲဒီထူးချွန်ဆုရရှိသူတွေထဲမှာလက်ဖြောင့်ဆုရရှိသွားတဲ့စစ်မေဟာ ၁၀၂၇ စစ်ဆင်ရေးမှာအသက်ပေးခဲ့တဲ့ အာဇာနည်ရဲဘော်အောင်ပိုင်ရဲ့ညီမဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်ပွဲသို့ အာရက္ခတပ်တော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။



















