Border News Agency
ကော့ဘာဇာ၊ ဇွန် ၂၁။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာရှိ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအတွက် သင်္ချိုင်းမြေနေရာ လိုအပ်နေပါတယ်။
အဲဒီဒုက္ခသည်စခန်းတွေမှာ လူဦးရေအလွန်များပြားလာသလို သေဆုံးသူတွေလည်းရှိနေကြတာမို့ မြေမြုပ်ဖို့အတွက်သင်္ချိုင်းမြေနေရာတွေ မရှိတော့ဘူးလို့ဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် နောက်ထပ်သင်္ချိုင်းမြေနေ ရာတွေလိုအပ်နေတာမို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးကြဖို့ ဒုက္ခသည်တွေက တော င်းဆိုနေကြပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီမောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ခုနှစ်၊မတ်လထိကျေးရွားပေါင်း ၃၆၂ ရွာမီးရှုံ့ခံခဲရပြီး လူပေါင်းခြောက်သိန်းရှစ်သောင်းကျော်အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch -HRW) က ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေထပ်တိုးလာတာမို့ လက်ရှိမှာဒုက္ခသည်တသန်းကျော်ထိရှိနေပြီလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။











Comments 2
buy amoxil pills – https://combamoxi.com/ purchase amoxicillin without prescription
cheap amoxil for sale – purchase amoxicillin sale amoxil uk