Border News Agency
ကျောက်မဲ၊ ဇွန်လ ၂၄။
တအာင်းတပ်မတော်ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့ကို ဇွန်လ ၂၄ ရက်၊ ဒီနေ့စစ်ကောင်စီတပ်လေကြောင်းတိုက်ခို က်လို့ ပြည်သူလေးဦးသေဆုံးပြီးလေးဦးဒဏ်ရာရသွားပါတယ်။
အဲဒီကျောက်မဲမြို့၊ရပ်ကွက် ၃ နဲ့ရပ်ကွ က် ၇ ကို စစ်ကောင်စီတပ်က ပေါင်ငါးရာဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့်အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားသလိုလူနေအိမ်ဆယ်လုံးလည် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
နမ္မတူမြို့နယ်၊မန်လီကျေးရွာကို ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက်နေ့လည်း စစ်ကောင် စီတပ်က လေကြောင်းတိုက်ခိုက်လို့ ဘု န်းကြီးကျောင်း၊စာသင်ကျောင်း၊နေအိ မ်တချို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိလေကြောင်းဗုံးကြဲချတိုက်ခိုက်တာတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူလူထုလိုက်နာဆောင်ရွ က်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်ကိုပို့မယ့် Shaanxi Y-8F- 200W လေယာ ဉ်အသစ်နှစ်စင်းကိုတွေ့ရှိတယ်လို့ Myanmar Witness အဖွဲ့က ဇွန်လ ၂၃ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။







