Border News Agency
မန္တလေး၊ ဇွန် ၂၅။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မ တော်ရဲ့ကွန်မန်ဒိုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ် မြေမှာပြုလုပ်ခဲ့တယ်လို့ဇွန်လ ၂၅ ရက် ၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းမှာအထူးတိုက်ခိုက်ရေး၊ ကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာတွေ၊နိုင်ငံရေးသင်ခန်းစာတွေကို စနစ်တကျ သုံးလထိ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်ရေး တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီမန္တလေးပြည်သူ့ကာကွယ်ရေးတပ် မတော်ဟာ အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာသုံးဖွဲ့နဲ့လည်း ပူးပေါင်းတိုက်ခိုက်တာတွေရှိပါတယ်။
အဲဒီမန္တလေးပြည်သူ့ကာကွယ်ရေးတပ် မတော်ဟာ အာဏာသိမ်းပြီးနောက်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွ က်ပေါပေါက်လာတဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။






Comments 1
60jex6