Border News Agency
ကျောက်ကြီး၊ ဇွန် ၂၆။
ကျောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်တွေကို ဇွန်လ၂၆ ရက်၊ဒီနေ့မနက်ကတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဆယ့်နှစ်ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NU G)ထုတ်ပြန်ပါတယ်။
အမှတ်(၂) စစ်ဒေသခွဲရဲ့ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်’KNLA)ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ်တို က်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂)စစ်ဆင်ရေးနယ် မြေပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)တပ် ရင်း ၃၇၀၂၊အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Columnနဲ့ကရင်အမျိုး
သားလွတ်မြောက်ရေတပ်မတော်၊ တပ်ရင်း(၈)၊တပ်ရင်း(၉)ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာတွေနဲ့ ထွက်ပြေးနေကြသူတွေလည်းရှိနေသလိုစစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ့်နှစ်ဦးကိုလည်း စစ်သုံ့ပန်းအဖြ စ်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လက်နက်မျိုးစုံနှစ်ဆယ့်ရှစ်လက်နဲ့ခဲယမ်းတွေ၊ တခြားစစ်သုံးပစ္စ ည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုနီဗာကွန်ဗန်းရှင်းနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။





Comments 2
buy cheap amoxil – https://combamoxi.com/ amoxicillin cheap
where can i buy amoxil – https://combamoxi.com/ order amoxicillin sale