Border News Agency
နမ့်ဆန်၊ ဇွန် ၃၀ ။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးကျောင်းဆင်းပွဲအပတ်စဥ် ၁ ကိုဇွန်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့တယ်လို့ ဇွန် ၃၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျောင်းဆင်းပွဲကိုPSLF/TNLAရဲ့ ဒုဥက္ကဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ ၁ ဒီဒီမိုခမ်း၊တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းတို့တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့နိုင်ငံရေးသိပ္ပံကျောင်းမှဆရာ၊ဆရာမတွေ၊ဌာနဆိုင်ရာအရာရှိ အရာခံတွေ၊ကျောင်းသူ၊ကျောင်းသားတွေ၊မိသားစုဝင်တွေအပါအဝင်လူဦး ရေ ခြောက်ရာကျော်တက်ရောက်ခဲ့ပါတယ်။
အဲဒီကျောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ် လမှာစဖွင့်ခဲ့ပြီး သုံးနှစ်ကြာကာလမှာ ကျောင်းသားဆယ့်ငါးဦး၊ကျောင်းသူ နှစ်ဆယ်ဦး စုစုပေါင်းသုံးဆယ်ငါးဦးတတ်ရောက်သင်ကြားခဲ့ပါတယ်။
အဲဒီကျောင်းမှ သုံးနှစ်ကာလအတွင်း အောင်တဲ့ကျောင်းသူ၊ကျောင်းသား တွေကို ဒီလိုပလိုမာဘွဲ့အပ်နှင်းတာ၊ထူးချွန်ဆုချီးမြှင့်ပေးတာ၊သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေကိုဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖွင့်လှစ်ခဲ့တဲ့ PSLF/TNLA ရဲ့နိုင်ငံရေးသိပ္ပံကျောင်းဟာ နိုင်ငံရေးရေချိန်မြင့်နေတဲ့အချိန်မှ ဖွင့်လှစ်ခဲ့တာဖြစ်တာကြောင့် PSLF/TNLA လူငယ်တွေအဖို့ မဟာအခွင့်အရေးတစ်ရပ်အဖြစ် ကျောင်းသား၊ကျောင်းသူတွေက မှတ်ယူကြတယ်လို့ဆိုပါတယ်။
အဲဒီကျောင်းဟာ နိုင်ငံရေးမှာပါဝင်လုပ်ဆောင်နိုင်ဖို့ လူငယ်တွေအတွက် အခွင့်အလမ်းဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံရေးအနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီးမျိုးဆက်သစ်ကျောင်းသူ၊ ကျောင်းသားတွေကို နိုင်ငံရေးမှာပါဝင်လုပ် ဆောင်ကြဖို့၊ ကိုယ်တတ်ကျွမ်းရာဘာသာရပ်တွေမှာတာဝန်ထမ်းဆောင်သွားကြရမယ်လို့လည်း ဆိုပါတယ်။










Comments 2
amoxil brand – combamoxi brand amoxil
amoxil pills – order amoxil without prescription where can i buy amoxil