Border News Agency
ဟားခါး၊ ဇူလိုင် ၆။
ဟားခါး – မတူပီလမ်းမကြီးကို ပြုပြင်ထိန်းသိမ်းနေတာမို့ မော်တော်ယာဥ်သွားလာတာတွေကို ယာယီကန့်သတ်သွားမယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဇွန်လ ၆ ရက်၊ဒီနေ့
ထုတ်ပြန်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းလို့ တောင်ကျ ချောင်းရေတွေကြောင့် လမ်းမကြီးတွေပျက်စီးနေတာကို ပြုပြင်ထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဇူလိုင်လ ၇ ရက်၊ဒီနေ့ကစပြီး နောက်ထပ်မထုတ်ပြန်မချင်းသွား လာခွင့်မပြုဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နေရပ်ပြန်စစ်ဘေးရှောင်ပြည်သူတွေ၊ဒေသတွင်းဖွံဖြိုးရေးလုပ် ငန်းတွေလုပ်နေတဲ့ NGO/ INGOတွေ၊တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေရဲ့ယာဉ်တွေကို သွားလာခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။