Border News Agency
မြေပုံ၊ ဇူလိုင် ၉။
မြေပုံမြို့၊ ကျောက်မော်ကြီး၊ ထူးချေကျေးရွာတွေအနီးရှိ ကမ်းစပ်တွေမှာ မြေပုံလူငယ်များအသင်းဦးဆောင်ပြီးမြို့ပေါ်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းကာ ဒီရေတောပင် ၂၅၀ ခန့်စို က်ပျိုးခဲ့ကြပါတယ်။
“မြေပုံမြို့နယ်ကနှစ်စဉ် မုန်တိုင်းဒဏ် အနည်းအများ ခံစားရတဲ့ ဒေသတွင် ပါ ဝင်တာကြောင့် မုန်တိုင်းအမှန်တကယ်သာတိုက်ခတ်လာခဲ့သော် ကြိုတင်ကာကွယ်တဲ့အနေနဲ့ရေလှိုင်းဒဏ်များလျော့ ကျစေရန်ရည်ရွယ်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။” လို့ မြေပုံလူငယ်များအသင်းက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသဟာ မြစ်ချောင်းအင်းအိုင်တွေပေါများသလို ပင်လယ်ကမ်းရိုးတ န်းဒေသမို့ မုန်းတိုင်းအပါအဝင် သဘာဝဘေးဒဏ်တွေကို မကြာခဏခံစားနေကြရပါတယ်။
အဲဒီလိုသဘာဝဘေးဒဏ်တွေကို ကာကွယ်ဖို့အတွက် ဒီရေတောတွေကို စု ပေါင်းစိုက်ပျိုးကြတာလို့ ဆိုကြပါတယ်။
“၂၀၁၀ ခုနှစ်၊အောက်တိုဘာ ၂၂ ရက်တိုက်ခတ်ခဲ့သော ဂီရိမုန်းတိုင်းကြောင့် မြေပုံမြို့ပေါ် အရှေ့ဖက် ကမ်းစပ်ဖက်ရှိ နေအိမ်အများစု ရေလှိုင်းဒဏ်ကြောင့် ရေမျောပါပျက်စီးခဲ့သည့် သာဓက ရှိပါတယ်။ ဒါက ရေလှိုင်းဒဏ်ကြောင့်ပြောတာပါ။အဲဒီတုန်းက မြေပုံမြို့ပေါ် ၉၅ %လောက် မုန်တိုင်းကြောင့် ပျက်စီးခဲ့ပါတယ်။” လို့ မြေပုံလူငယ်များအသင်းက Border News Agency ကို
ပြောပါတယ်။
အာရက္ခဒေသမှာ ၂၀၂၃ ခုနှစ်၊မေလ ၁၃ ရက်နေ့ကလည်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ များခဲ့ပါတယ်။
“ဒါကြောင့် ဂီရိမုန်တိုင်းအလွန် ၂၀၁၀ နောက်ပိုင်းကတည်းကပင် ခုထိ ဒီရေတောပင်များကို နှစ်စဉ် အကွက်ချပြီးမြို့ပေါ် CSOများကစိုက်ပျိုးကြပါတ ယ်။” လို့ မြေပုံလူငယ်များအသင်းက Border News Agency ကို ပြောပါတယ်။
အဲဒါကြောင့် မြေပုံမြို့နယ်မှာ ဒီရေတောပင်တွေကို ပုံမှန်စိုက်ပျိုးလာခဲ့ကြတာလို့ ဆိုကြပါတယ်။
“မြို့အရှေ့ဖက်ဆို ၉၅% က ဒီရေပင် စိုက်ပျိုးပြီးဖြစ်ပါတယ်။အပင်တွေမျိုးပွါးတာလည်းပါတာပေါ့။ဒါက ၂၀၁၀ နောက်ပိုင်း ၁၅နှစ်အတွင်း စိုက်ပျိုးခဲ့တာလို့ပြောလို့ရတာပေါ့။ခုက မြို့ရဲ့အ နောက်ဖက်မှာ စိုက်ပျိုးတာနေရာအကွ က်ချပြီးစိုက်တာဖြစ်ပါတယ်။” မြေပုံလူငယ်များအသင်းက Border News Agency ကို ပြောပါတယ်။
အဲဒီနေရာတွေအပါအဝင် တချို့နေရာတွေမှာ နောက်နှစ်တွေလည်း စိုက်သွားဖို့အစီစဉ်ရှိတယ်လို့ မြေပုံလူငယ်များအသင်းက Border News Agency ကို ပြောပါတယ်။