Border News Agency
သီပေါ၊ ဇူလိုင် ၁၅။
သီပေါမြို့ကို ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတ ပ်မတော်က ဇူလိုင်လ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ သီပေါမြို့၊ တောင်မြို့ရပ်ကို ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်မှာ ပေါင်ငါးရာဗုံးလေးလုံးနဲ့တိုက်ခို က်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီးအမျိုးသမီးတဦးနဲ့အမျိုးသားလေးဦးတို့ ဒဏ်ရာရသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ငါးလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့ကို ဇူလိုင်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားခြောက်ဦးဒဏ်ရာရသွားသလို နေအိမ်ခြောက်လုံးပျက်စီးသွားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့ထိ ကျောက်မဲမြို့ကိုခြောက်ကြိမ်၊နောင်ချိုမြို့နယ်သုံးဆယ်ကျေးရွာကိုတကြိမ်၊မိုးကုတ်မြို့ကိုနှစ်ကြိမ်နဲ့သီပေါမြို့ကိုနှစ်ကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကလေးငယ်အပါအဝင် အရပ်သားကိုးဦးသေဆုံးခဲ့ရပြီးကလေးငယ်လေးဦးနဲ့အရပ်သားလေးဆယ်သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ခြောက်ဆယ့်သုံးအိမ်၊ စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းလေးကျောင်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။