Border News Agency
မူးမြို့၊ ဩဂုတ် ၃ ။
ခလယ်လွီထူခရိုင်၊မူးမြို့နယ်မှာ ဇူလိုင်လ၂၃ ရက်နေ့မှစလို့ ခုချိန်ထိရေလွှမ်းမိုးနေတာကြောင့် ကျေးရွာပေါင်းငါးဆယ်ခုနှစ်ရွာရေနစ်မြုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သြဂုတ်လ ၃ ရက်၊နေ့ထုတ်ပြန်ပါတယ်။
အဲဒီလိုရေလွှမ်းမိုးမှုကြောင့် ဒေသခံနေအိမ်ဆယ့်လေးလုံး ရေထဲမျောပါသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် လယ်စပါးစိုက်ပျိုးတဲ့ လယ်ဧကစုစုပေါင်း ၄,၂၅၀ ဧက ရေနစ်မြုပ်ခဲ့ရတယ်လို့ဆိုပါတယ်။
နောက်ပြီး စာသင်ကျောင်းစုစုပေါင်း ဆယ့်ရှစ်ကျောင်း ကျောင်းတက်မရလို့ ကျောင်းတွေပိတ်ထားရတယ်လို့ဆိုပါတယ်။