Border News Agency
ကရင်ပြည်၊ သြဂုတ် ၆။
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေနဲ့မြေပြိုတာတွေကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီမြို့နယ်မှာ ဩဂုတ်လ ၃ ရက်နေ့ကစပြီး ဒီနေ့ထိမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေဖြစ်ကာ ကလေးငယ်တချိုအပါအဝင်သေဆုံးသူရှစ်ဦးထိရှိလာနေပြီလို့သိရပါတယ်။
အဲဒီအပြင်ဥယျာဉ်ခြံမြေအများအပြားပျက်စီးဆုံးရှုံးခဲ့သလို နေအိမ်အများအပြားလည်းပျက်စီးသွားခဲ့ပါတယ်။
နောက်ပြီး တောင်ငူ-သံတောင်ကြီးလမ်းလည်း တောင်ကျချောင်းရေတွေနဲ့ မြေပြိုမှုတွေကြောင့် ပြတ်တောက်နေတယ်လို့သိရပါတယ်။
အဲဒီအပြင် ပျောက်ဆုံးနေသူတွေအများအပြားရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေလိုအပ်နေတယ်လို့ ဆိုကြပါတယ်။