Border News Agency
ကရင်ပြည်၊ ဩဂုတ် ၆။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်မှာ ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ခုချိန်ထိရေကြီးရေလျှံမှုကြောင့်ကျေးရွာပေါင်းလေးဆယ်နီးပါးရေနစ်မြုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပြင် ရေနစ်မြုပ်နေတာကြောင့် ကျောင်းတွေကိုလည်းယာယီပိတ်ထားရသလို နေအိမ်ဆယ်တလုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီလို ရေကြီးရေလျှံမှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်းကျေးရွာတွေမှာ ရေနစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။
ညောင်သာယာကျေးရွာ၊ ဖားဘောင်ကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ၊ ကျွန်ချောင်းကျေးရွာ စတဲ့ကျေးရွာတွေမှာ ရေအများဆုံးနစ်မြုပ်ခဲ့ပြီး လယ်စပါးစိုက်ပျိုးတဲ့ လယ်ဧကစုစုပေါင်း ၁,၆၉၅.၃၉ ဧကလည်းရေနစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျေးရွာတွေမှာ အိမ်ခြေငါးရာကျော်ရှိတယ်လို့ဆိုပါတယ်။