Border News Agency
မြောက်ဦး၊ သြဂုတ် ၁၃။
မြောက်ဦးမြို့နယ်၊ မောင်ရွှေကန်ကျေး ရွာမှာ သြဂုတ်လ ၁၃ ရက်၊ဒီနေ့ညနေ သုံးနာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒိီမောင်ရွှေကန်ကျေးရွာကအသက် ငါးဆယ်ငါးနှစ်အရွယ်ဦးမောင်သိန်းအိမ်နဲ့ သူ့ရဲ့သမီးဖြစ်တဲ့အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် မဝါဝါလင်းချေအိမ်မီးလောင်သွားခဲ့တာပါ။
အဲဒီမီးဟာဦးမောင်သိန်းအိမ်ရဲ့ဆိုလာနှစ်ခုပေါက်ကွဲမှုဖြစ်ပြီးစတင်လောင်တာကို ရွာသားတွေဝိုင်းကာမီးသတ်ကြလို့ ညနေလေးနာရီခန့်မှာမီးငြိမ်သွားခဲ့ပါတယ်။