Border News Agency
လောက်ကိုင်၊ သြဂုတ် ၁၄။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ရဲ့အပတ်စဉ် (၁) တရားဥပဒေပညာရပ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၂ ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးဒေသ(၁)တရားရုံးမှာ သင်တန်းသားခြောက်ဆယ်ကိုးဦးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲကို MNTJPပါတီ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ မဟာမိတ်တပ်တော် နိုင်ငံရေးဌာန ဌာနမှူး ဗိုလ်မှူးချုပ် Mr. Jin Xin ၊ MNTJPပါတီ ဗဟိုဗျူရိုအရန်အဖွဲ့ဝင်၊ကိုးကန့်ခရိုင် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး Mr. Zhou Wen Jun ၊ ဗဟိုနိုင်ငံရေးဗျူရိုအရန်အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင်အထူးဒေသရှေ့နေချုပ်ရုံးဒုတိယရှေ့နေချုပ် Mr. Zhao Jia De ၊ အထူးဒေသတရားရုံး ဒုတိယတရားသူကြီးချုပ် Mr. Yang Wen Xiang၊အထူးဒေသ ရှေ့နေချုပ်ရုံး ဖမ်းဆီးရေးဦးစီးဌာနအကြီးအကဲ Mr. Li Jian Ming ၊တရားရုံး အဆင့်ဆင့်မှ အကြီးအကဲတွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။