Border News Agency
လောက်ကိုင်၊ သြဂုတ် ၁၄။
ဖုန်ကျားရှင်ဖောင်ဒေးရှင်းမှ မဟာမိတ်တပ်တော်သို့ ခြေတုလက်တုတပ်ဆင်ပေးခဲ့တာကို မဟာမိတ်တပ်တော်ထောက်၊ပို့ဌာနရဲ့ ကျန်းမာရေးဦးစီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
“လက်တွဲလျက် ငြိမ်းချမ်းရေးအတူတည်ဆောက်ကြမည်” ဆိုတဲ့ဆောင်ပုဒ်နဲ့ သြဂုတ်လ ၁၃ ရက်နေ့က MNDAA ရဲ့ နိုင်ငံရေးဌာနနဲ့ဖုန်ကျားရှင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပတာလို့ဆိုပါတယ်။
အဲဒီအခန်းအနားကို MNTJP ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ မဟာမိတ်တပ်တော် ဒုတိယစစ်ဦးစီးမှူး ဗိုလ်ချုပ် Mr. Peng De Jun ၊ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊အထူးဒေသအုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး Mr. Song Ke Cheng ၊ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊မဟာမိတ်တပ်တော်နိုင်ငံရေးဌာနမှူးဗိုလ်မှူးချုပ်Mr. Jin Xin ၊ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊မဟာမိတ်တပ်တော်စစ်ဦးစီးဗိုလ်မှူးချုပ် Mr. Lan Tian En ၊တို့တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ထောက်ပို့ရေးဌာန ဒုတိယဌာနမှူး ဗိုလ်မှူးကြီး Mr. Yang Fu Rong ၊ဖုန်ကျားရှင် ဖောင်ဒေးရှင်းဥက္ကဋ္ဌရဲ့လက်ထေက် Ms. Zhang Ying ၊အထူးဒေသကျန်းမာရေးဌာနမှ ဆိုင်ရာဌာနတွေရဲ့တာဝန်ရှိသူတွေနဲ့အကျိုးခံစားခွင့်ရထားတဲ့ မသန်စွမ်းစစ်မှုထမ်းဟောင်းတွေပြည်သူတွေနဲ့တပ်သားကိုယ်စားလှယ်တွေ စုစုပေါင်းနှစ်ရာခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။