Border News Agency
မကွေး၊ သြဂုတ် ၁၅ ။
မကွေးတိုင်း၊ ပခုက္ကူခရိုင်ရှိအတွင်းရှိ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း ၁ ရဲ့အပတ်စဥ် ၂ သင်တန်းဆင်းပွဲကိုပြုလုပ်ခဲ့တယ်လို့ Earthquake People’s Defence Forceမှ သြဂုတ်လ ၁၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ပခုက္ကူခရိုင် Local တပ်ရင်း ၁ PDLB သင်တန်းအပတ်စဉ် ၂ မှာ တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့မှ ရဲဘော်၊ရဲမေခုနှစ်ဆယ်ဦးခန့် တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
သင်တန်းမှာ စစ်ပညာသင်တန်း၊ရုံးပိုင်းဆိုင်ရာသင်တန်း၊CoC နှစ်ရပ်၊ပြည်သူ့စစ် မဟာဗျူဟာနဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုသင်တန်းတွေကိုလေးဆယ်ငါးရင် ကြာ သင်ကြားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကို Earthquake People’s Defence Force၊ Thu Rain ( TR)၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့သင်တန်းအပတ်စဉ် ၁ မှာ ပါဝင်ပူပေါင်းအားဖြည့်ခဲ့တဲ့ ပခုက္ကူခရိုင်အတွင်းရှိအခြေပြုတော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့အပြင်Red Fighter နဲ့ ပခုက္ကူမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ စတဲ့ တပ်ဖွဲ့ ၂ ဖွဲ့မှလည်း ပါဝင်ပူပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် Local တပ်ရင်း ၁ ရဲ့ အပတ်စဥ် ၁ ကို ဧပြီလ၂၅ရက်နေ့မှာ တပ်ဖွဲ့ ၅ ဖွဲ့နဲ့ သင်တန်းဆင်းပေးခဲ့ပြီး ခုအခါအပတ်စဥ် ၂ သင်တန်းဆင်းကို တပ်ဖွဲ့ ၇ ဖွဲ့ အထိ တိုးမြှင့်သင်တန်း ဆင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် သင်တန်း အပတ်စဉ်တွေမှာလည်းဘယ်တော်လှန်ရေးတပ်ဖွဲ့မဆို ပခုက္ကူခရိုင် Local တပ်ရင်း ၁ ကို ပူးပေါင်းပါဝင်စေလိုတယ်လို့ ဆိုပါတယ်။