Border News Agency
သီပေါ၊ သြဂုတ်လ ၁၈ ။
သီပေါမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၁၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့မနက် ၉ နာရီ ၃၀မိနစ်အချိန်က သီပေါမြို့၊အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်ကို လေကြောင်းမှပေါင်၂၅၀ ဗုံးနဲ့ နှစ်ကြိမ်ထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တဦး၊အမျိုးသမီးနှစ်ဦးဒဏ်ရာရသွားခဲ့သလို နေအိမ်ခုနှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အနောက်ရပ်ကွက်က အသက်ခြောက်ဆယ်အရွယ် ဦးဂျမာပိုင်၊အသက်သုံးဆယ်အရွယ်ဒေါ်ချိုချိုစိန်၊အသက်သုံးဆယ်အရွယ်ဒေါ်ရွှေရည်ဝင်းတို့ ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် အနောက်ရပ်ကွက်ကနေအိမ်ငါးလုံးပျက်စီးသွားခဲ့သလို တောင်မြို့ရပ်ကွက်မှနေအိမ်နှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၃ ရက်နေ့ကလည်း ပြည်သူတွေနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ခုလအတွင်း မိုးကုတ်မြို့ကို နှစ်ကြိမ်၊ ကျောက်မဲမြို့နယ်ကို တကြိမ်၊ သီပေါမြို့ကိုနှစ်ကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးသုံးဦး သံဃာတော်နှစ်ပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားဆယ့်တဦး သေးဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်သံဃာတော်တပါး၊ အမျိုးသမီးငါဦးနဲ့အမျိုးသားဆယ့်လေးဦးဒဏ်ရာရသွားသလို နေအိမ်နှစ်ဆယ့်ခြောက်အိမ်စာသင်ကျောင်းတကျောင်း၊ကားလေးစီးဆိုင်ကယ်သုံးစီးပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။