Border News Agency
မိုးကုတ်၊ သြဂုတ်လ ၁၈။
မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ ထပ်ပြီးလာရောက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားပြီးဘုန်းကြီးကျောင်းလေးကျောင်း၊ သီလရှင်ကျောင်းနှစ်ကျောင်းပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော်က သြဂုတ်လ ၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့နေ့လည် ၃ နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်း၊ ကြက်ပြင်နာရီစင်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှပေါင်၂၅၀ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးကျရောက်ပေါက်ကွဲလို့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရရသွားပြီး ဘုန်းကြီးကျောင်းလေးကျောင်း၊သီလရှင်ကျောင်းဆောင်နှစ်ဆောင်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မိုးကုတ်မြို့အရှေ့ပိုင်းကို မနေ့ကလည်း စစ်ကော်မရှင်တပ်မှရည်ရွယ်ချက်ရှိရှိ ပေါင်၂၅၀ ဗုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်ကလေးတဦးအပါအဝင်၊ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီးနေအိမ်သုံးအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခုလအတွင်း လေကြောင်းမှ မိုးကုတ်မြိုကိုလေးကြိမ်၊ ကျောက်မဲမြိုနယ်ကိုနှစ်ကြိမ်၊ သီပေါမြိုကိုသုံးကြိမ်ထိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကလေးသုံးဦး၊ သံဃာတော်နှစ်ပါး၊ အမျိုးသမီးဆယ့်ခုနှစ်ဦး၊ အမျိုးသားဆယ့်ခြောက်ဦးသေးဆုံးခဲ့ရပြီး သံဃာတော်တပါး၊ အမျိုးသမီးဆယ့်တဦးနဲ့အမျိုးသားနှစ်ဆယ့်တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ငါးဆယ်ခြောက်အိမ်အဆောက်အဦးတလုံး၊ စာသင်ကျောင်းတကျောင်း၊ ကားလေးစီး၊ ဆိုင်ကယ်သုံးစီးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။