ပြည်သူလူထုကို အခွန်ဖြင့် သတ်ဖြတ်ခြင်း
မောင်တူရေးသည်။ အခွန်ဟူသည် အဘယ်နည်း။ "ဘောဂဗေဒစကားရပ်အရအခွန်ကောက်ခံခြင်းဆိုသည်မှာ အိမ်ထောင်စုများ သို့မဟုတ် လုပ်ငန်းများထံမှ ပိုင်ဆိုင်မှုများကို နိုင်ငံတော်သို့ လွှဲပြောင်းခြင်းဖြစ်သည်။" ဟု ယဉ်ကျေးစွာအဓိပ္ပါယ်ဖွင့်ထားသည်။ သာမန်လူများတိုက်ရိုက်နားလည်ရန်အဓိပ္ပါယ်ဖွင့်ရပါက "အခွန်ဟူသည်မိမိ၏ ပိုင်ဆိုင်မှု၊ခံစားခွင့်များကို မိမိမှအုပ်ချုပ်သူထံလွဲပြောင်းပေးနေရခြင်း" ဖြစ်သည်။ မိမိဘဝရှင်သန်မှုအစိတ်အပိုင်းများကိုအုပ်ချုပ်သူထံသို့လွဲပြောင်းပေးနေရခြင်းလည်းဖြစ်သည်။ "အဘယ်ကြောင့် ထိုသို့ ...