Tag: Arakan Army

(ဓာတ်ပုံ - မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို မတ် လ ၂၆ ရက်နေ့တွေ့ရပုံ / BNA)

အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးလည်ပတ်နေ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် အာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးပြန်လည်ပတ်နေတယ်လို့ မောင်တောမြို့နယ်မှကုန် သည်ကြီးတွေနဲ့မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်မှဆန်၊သစ်စတာတွေကို အဓိကတင်ပို့နေပြီး ဘိလပ်မြေ၊အာလူးစတဲ့ပစ္စည်းတွေကို အဓိကပြန်လည်တင်သွင်းနေကြတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာရက္ခကုန်သည်ကြီးများအသင်းကစီမံလုပ်ဆောင်နေကြတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီကညင်ချောင်းစီးပွားရေးဇုန်ဆိပ် ကမ်းမှကုန်စည်စီးဆင်းမှုတွေနေ့စဥ်ပုံမှန်ရှိနေပေမယ့် လိုအပ်ချက်တွေအ များကြီးရှိနေသေးတာမို့ ...

လူမျိုးစုများရပ်ရွာကိုယ်ပိုင်အုပ်ချုပ် ရေးနှင့်မူဝါဒလေဟာနယ်

မောင်တူရေးသည်။ အုပ်ချုပ်ရေးအားအကောင်အထည် ဖော်ရာတွင် လူမျိုးစုငယ်များ၊ စုံလင်ကွဲပြားသောဘာသာရေးအုပ်စုများနှင့် ပတ်သက်၍ မည်သို့ဖော်ဆောင်မည်နည်း။ ULA/AA ၏ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ဖြေကြားချက်များအား လေ့လာကြည့်ရာတွင် ULA/AA ဖော်ဆောင်မည့်အာရက္ခပြည်သူ့အုပ်ချုပ်ရေးဖြစ်စဉ်တွင် လူနည်းစုများကိုပါ ပါဝင်လာအောင် ဆောင်ရွက်နေသည်ဟု ဆိုထားပေသည်။ ULA/AA ...

Photo - ALP

စစ်တွေမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအခမ်းအနားပြုလုပ်

စောမြရာဇာလင်းဦးဆောင်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခွဲထွက်အဖွဲ့ဟာ စစ်တွေမြို့မှာအခမ်းအနားတွေပြုလုပ်ခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီအခမ်းအနားကို ပါတီပြန်လည်ထူ​ထောင်တဲ့ ၃နှစ်​မြောက်နှစ်ပတ်လည်​နေ့ အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရ NCA - SEAO၊ ပြည်နယ်တာဝန်ရှိလူကြီးတွေ၊ နိုင်ငံ​ရေးပါတီတွေက ခေါင်​ဆောင်တွေကို ဖိတ်ကြားကာ လူငါးရာခန့်နဲ့ မတ်လ ၅ ...

ကျင့်ဝတ်စံနှုန်း၊ အင်စတီကျူးရှင်းနှင့် Unenviable Task များ ၂

မောင်တူရေးသည်။ နိုင်ငံရေးနယ်ပါယ်ဘက်မှသုံးနှုန်းသော အင်စတီကျူးရှင်းအဓိပ္ပါယ်သည် ကျယ်ဝန်းပေသည်။ အင်စတီကျူးရှင်းအပေါ် ဥပမာပေးရသော် "သူ့အလိုလိုလည်ပတ်နေသော စက်ရုံတရုံ" အဖြစ် ဥပ မာပေးပါမည်။ စက်ရုံတွင် အလုပ်သမားများရှိသည်။ စီမံခန့်ခွဲသူရှိသည်။ စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းများရှိသည်။ လည်ပတ်နေသော စက်ပစ္စည်းကိရိယာများရှိသည်။ မည်သို့မည်ပုံ အလုပ်လုပ်ရမည်ဆိုသည့်စည်းမျဉ်းများရှိသည်။ ...

(ဓာတ်ပုံ - စစ်တွေမြို့တွင်းနေရာတချို့ကို မတ်လ ၁၉ ရက်နေ့ကတွေ့ရပုံ / ကိုသိန်းဝေ)

စစ်တွေမြို့မြင်ကွင်းတချို့

အာရက္ခတပ်တော်(AA) နဲ့အာဏာသိမ်းစစ်တပ်ကြား နှစ်ဘက်စစ်ရေးတင်းမာနေတဲ့စစ်တွေမြို့မှာအရပ်သားပြည်သူတွေလည်းရှိနေပါသေးတယ်။ အာဏာသိမ်းစစ်တပ်က ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့တားမြစ်ထားပြီး လေကြောင်းလိုင်းကိုသာဖွင့်ပေးထားတာမို့ငွေကြေးမတတ်နိုင်သူတွေအများစုကျန်နေကြပါတယ်။ အဲဒီအပြင်တခြားဒေသတွေမှာစစ်ဘေးရှောင်နေကြသူတွေတချို့လည်းပြန်လာနေကြပေမယ့် တခါတလေနှစ်ဘက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။ အဲဒီစစ်တွေမြို့မှာအာဏာသိမ်းစစ်တပ်ရဲ့ပြည်နယ်အစိုးရရုံးစိုက်ထားသလိုဒေကကွပ်ကွဲမှုစစ်ဌာနချုပ်လည်းတည်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ သင်္ကြန်ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြပြီးတက္ကသိုလ်ဝင်တန်းစာမေးပွဲလည်းကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှေးဟောင်းနယ်မြေက တက်တူးဆရာ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဦးမြို့မှာ တက်တူးဆိုင်ဖွင့်လုပ်ကိုင်နေသူတဦးရှိနေပါတယ်။ သူဟာ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၊ ကုန်းချောင်းကျေးရွာက အသက်နှစ်ဆယ်ငါးနှစ်အရွယ်ကိုကြည်စိုးဖြစ်ပါတယ်။ သူဟာ ပန်းချီပညာကို ကလေးဘဝကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး မန္တလေးမှာကျောင်းတက်နေခဲ့ချိန်ရှစ်တန်းကျောင်းသားဘဝကတည်းကတက်တူးလောကကိုစဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ သူကျောင်းသားဘဝဘော်ဒါဆောင်မှာနေခဲ့ချိန်ကတည်းက သူ့သူငယ်ချင်းတွေကို ဘောပန်တွေနဲ့အရုပ်တွေဆွဲပေးခဲ့ဖူးတယ်လို့ သူ့ဝါသနာတွေကို ...

ကျင့်ဝတ်စံနှုန်း၊ပဋိညာဉ်နှင့် Unenviable Task များ ၁

မောင်တူရေးသည်။ ကမ္ဘာပေါ်တွင် မည်သည့်အဖွဲ့အစည်းမဆို အဖွဲ့ဝင်များသည် မိမိ၏တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ လုပ်ပိုင်ခွင့်ဆိုသည့်အချက်များကို အသေးစိတ်နားလည်သဘောပေါက်ရန်လိုအပ်ပေသည်။ အဖွဲ့အစည်းတခု၏အသက်သွေးကြောသည် ထိုအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစည်းမျဉ်းများပင်ဖြစ်ပေသည်။ ထိုဖွဲ့စည်းပုံစည်းမျဉ်းများတွင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ ကျင့်ဝတ်၊ စံနှုန်းများ၊ အကောင်အထည်ဖေါ်ရမည့်လုပ်ငန်းစဉ်များ၊ တာဝန်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့် အခွင့်အရေးများ ...

Photo - AA Info Desk

ကျောက်တော်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီးလေးဦးဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်မှာ မတ်လ ၁၉ ရက်၊ မနေ့က စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာက အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ဌေးဦးသေဆုံးသွားပြီး အသက်ဆယ့်ခြောက်နှစ်အရွယ်မောင်ကျော်ဆန်းလင်း၊ အသက်ဆယ့်ငါးနှစ်အရွယ်မောင်ခိုင်အောင်မျိုး၊ အသက်ဆယ့်လေးနှစ်အရွယ်မောင်နေပိုင်စိုး၊ အသက်ဆယ့်သုံးနှစ်အရွယ်မောင်မောင်သန်းနိုင်တို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီသေဆုံးသွားခဲ့တဲ့ ...

စစ်ကောင်စီစွပ်စွဲတဲ့ မူးယစ်ဆေးဝါးအ မှုကို အာရက္ခတပ်တော်ငြင်းဆို

စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးရုပ်သံတွေ၊ သတင်းစာတွေနဲ့ဂျာနယ်တွေမှာဖော်ပြနေတဲ့ မူးယစ်ဆေးဝါးအမှုဟာ အာရက္ခတပ်တော်(AA) နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ မတ်လ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲဒီလိုစစ်ကောင်စီတပ်ရဲ့ဝါဒဖြန့်ချီရေးတွေဟာ အာရက္ခတပ်တော်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့စွပ်စွဲချက်က လုံးဝယုတ္တမရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချမှုဖြစ်တယ်လို့ ဆိုပါတယ်။ “ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ် စစ်ကောင်စီရဲ့စွပ်စွဲချက်ဖြစ်တဲ့ မူးယစ်ဂိုဏ်းတခုမှ မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စရပ်တွေမှာ မိမိတို့အဖွဲ့အစည်းကို ...

Photo - APM

မင်းပြားမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

မင်းပြားမြို့နယ်မှာ မတ်လ ၁၉ ရက်၊ ဒီနေ့နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်ခန့်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီမြေပုံမြို့၊ သပြေညိုရပ်ကွက်က အသက်လေးဆယ်သုံးနှစ်အရွယ် ဒေါ်စံဝင်းမေမှာ ဘယ်ဖက်ခြေထောက်ခြေမျက်စီကနေပြတ်ထွက်သွားတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ ဒေါ်စံဝင်းမေဟာ ...

Page 3 of 9 1 2 3 4 9

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here