မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်ဆက်လက်တိုက်ခိုက်နေ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်းကားလမ်းမထက်မှာ ဇန်နဝါရီလ၂၇ ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့တပ်မ ၉၉ လက်အောက်ခံ၊အမှတ် ၄၁၉ ခြေမြန်တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်းမှပူးပေါင်းစစ်ကြောင်းတွေကိုအာရက္ခတပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုဆက်လက်မခုခံနိုင်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ်၊ဂုတ်စီးရိုးကျေးရွာဖက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။ ...