အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မတ်လ ၈ ရက်၊ ဒီနေ့ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေ၊ ရပ်ရွာတွေမှာ Women Generation က ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ International Women’s Day (IWD) ရဲ့ ဆောင်ပုဒ်မှာ “အမျိုးသမီးတွေနဲ့မိန်းကလေးတွေအားလုံးအတွက် အခွင့်အရေး၊ တန်းတူညီမျှမူ၊ စွမ်းဆောင်ရည်မြှင့်တင်မူတွေ” ဖြစ်ပါတယ်။
အဲဒီအခန်းအနားတွေကို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ စစ်ဘေးရှောင်စခန်းတွေ၊ ရပ်ရွာတွေမှာ လူငယ်တွေနဲ့ဦးဆောင်ပြီး Women Generation အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲ စတင်ကတည်းက အမျိုးသမီးတွေဟာ ထိခိုက်ခံစားရမှုတွေ၊ ဘေးကင်းလုံခြုံမှုကင်းမဲ့တာတွေ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတွေနဲ့ကြုံတွေ့ခံစားနေကြတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။