အင်တာဗျူး
Border News Agency
မြောက်ဦး၊ မေ ၁၁။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေအပါအဝင် အတင်းအဓမ္မပြုကျင့်သတ်ဖြတ်မှုတချို့ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအထဲမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့လည်းပါဝင်ခဲ့သလို့ အရပ် သားတွေ ကျူးလွန်တာတွေရှိနေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေဖော်ဆောင်နေပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေရှိအောင် ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက သက်ငယ်မုဒိန်းမှု၊ အဓမ္မပြုကျင့်လူသတ်မှုတွေအကြောင်းကို ကျားမရေးရာသင််တန်းဆရာကိုမင်းစောက ခုလိုပြောပြထားပါတယ်။
“အရေးယူမှုအပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ သက်ငယ်လူသတ်၊ မုဒိန်းမှုတွေဆိုတာ နိုင်ငံအများစုက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မတွေမှာထောင်ဒဏ်တသက်တကျွန်းကနေသေဒဏ်ဆိုပြီးပြဌာန်းထားလို့ရှိကြပါတယ်။ ULA ကပြဌာန်းထားတဲ့ပြစ်မှုဆိုင်ရာဥပဒေပုဒ်မတွေမှာလည်း ဒီလိုပြဌာန်းလို့ရှိပြီးသားလို့ယုံကြည်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့တော်လှန်ရေးကာလဆိုပေမယ့် ကိုယ်တွေမှာရှိသမျှအရင်းအမြစ်တွေနဲ့ကျူးလွန်တဲ့သူတွေကို မှန်မှန်ကန်ကန်ဖော်ထုတ်နိုင်ဖို့ ယန္တ ရားတွေကိုပိုကောင်းအောင် ခေတ်မီအောင်၊ဘက်လိုက်မှုကင်းကင်းဆုံးဖြ တ်နိုင်ဖို့ တရားရေးဆိုင်ရာယန္တရားတွေကိုလည်း အမြဲပိုကောင်းအောင်လုပ်ဖို့လိုအပ်ပါတယ်။
အင်တာနက်နဲ့ဖုန်းအဆက်အသွယ်ပြတ်တောက်မှုတွေကလည်း လူအချင်းချင်းသတင်းအချက်အလက်စီးဆင်းမျှဝေမှုနှေးကွေးသွားပြီး ကျူးလွန်သူတွေကို လွယ်ကူမြန်ဆန်စွာဖမ်းဆီးနိုင်ဖို့အတွ က်အဟန့်အတားတခုလေ့ဖြစ်နေပါတယ်။ ဒီလိုအခြေအနေကလည်း ဒစရိုက်မှုတွေကို ပိုပြီးမြှင့်တက်စေတယ်လို့ မြင်ပါတယ်။
လေကြောင်းအန္တရာယ်ကိုစိုးရိမ်လို့ ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေအရင်လိုပြ န်ဖွင့်လို့မရဆိုပေမယ့် ဒီလိုအခြေအနေကို အတတ်နိုင်ဆိုတိုတောင်းအောင်န ည်းလမ်းရှာရမယ်လို့ မြင်ပါတယ်။
နောက်တခုကတော့ကလေးသူငယ်တွေကို သူတို့အသက်အရွယ်အလိုက်လိင်ပိုင်းဆိုင်ရာအသိပညာပေးမှူတွေပေးဖို့လိုပါတယ်။
အသက်အရွယ်လျော်ညီတဲ့လိင်အသိပ ညာပေးမှုဆိုတာက ဥပမာအနေနဲ့က လေးသူငယ်တွေကို လူစိမ်းတွေကထိတွေ့ကိုင်တွယ်ခွင့်မပေးရဘူး။ ကိုယ်ပိုင်အင်္ဂါတွေဟာ ဘယ်နေရာတွေလည်းဆိုတာကိုပြောပြတာတွေ၊လူစိမ်းတွေခေါ်ရင်လည်းမလိုက်ဖို့ပြောပြထားတာတွေ ၊ကိုယ်ပိုင်အင်္ဂါကို တပါးသူတွေလာကို င်ရင်ခွင့်မပြုဖို့၊ငြင်းဆန်ဖို့၊အော်ဟစ်အ ကူအညီတောင်းဖို့၊ပြေးဖို့စတဲ့နည်းလ မ်းတွေကို သင်ပြထားတာမျိုးပါ။
နောက်တခုကအဆိပ်အတောက်ဆန်တဲ့ယောကျာ်းဖြစ်မှုယုံကြည်ချက် (Toxic Masculinity) တွေကို ပြန်လည်မေးခွန်း ထုတ်ဖို့လိုအပ်ပါတယ်။
မုဒိန်းမှုအခြေအနေနဲ့ဆက်စပ်တယ် Toxic Masculinity ဥပမာတခုကိုပြောပြရရင် – ယောကျ်ားဆိုတာမျိုး အိုင်မြင်ရင်ခြေဆေးချင်တယ်။ ယောကျ်ားမှာ နှာဘူးနဲ့ ဂန္ဒူးနှစ်မျိုးသာရှိတယ် စတဲ့အယူအဆတွေရှိပါတယ်။
အဲဒီအယူအဆတွေနောက်ကွယ်ကို အ ကျယ်ဖွင့်ရရင် လူသူကင်းရှင်းနည်းပါးတဲ့နေရာမှာအမျိုးသမီးတယောက်သွားလာနေလို့ မုဒိန်းမှုကျူးလွန်ခံရရင် မုဒိ န်းကျင်ခံရတဲ့အမျိုးသမီးကိုလူတယော က်မှမရှိတဲ့နေရယကို ဘာလိုတယောက်တည်းသွားလာနေရတာလဲဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ ပြုလုပ်ကျူးလွန်သူ အမျိုးသားကိုကျတော့ ယောကျ်ားသဘာဝရာဆိုပြီး သတ်မှတ်တဲ့အယူအဆမျိုးတွေပါ။
ဒီလိုယူဆမှုဟာ အမျိုးသားတွေကို က လေးဘဝကတည်းကစလို့ ယောကျ်ားတွေမှာအခွင့်ကြုံရင်၊ဆိတ်ကွယ်ရာကိုရောက်ရင် မဒိန်းကျင့်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူအဆကို သင်ပေးနေသလိုဖြစ်နေပါတယ်။
ဒီလိုယုံကြည်မှုဟာ မုဒိန်းမှုတွေအများစုရဲ့တရားခံမှာ အမျိုးသားတွေဖြစ်နေရခြင်းအဓိကကြောင်းအရင်းတခုအ ဖြစ် နိုင်ငံတကာကပညာရှင်တွေချပြမှုတွေလည်း ရှိပြီးသားဖြစ်ပါတယ်။
အဲဒါကြောင့် ဒီလိုToxic Masculinity အယူအဆတွေကို ပပျောက်အောင်အ တွက်စကားဝိုင်းတွေ၊သင်တန်းတွေ၊စာ ပေတွေနဲ့ရုပ်သံအသိပညာပေးမှုတွေ၊အနုပညာဖန်တီးမှုတွေ၊ကျောင်းပညာ ရေးတွေတိုင်းမှာ မသင်မနေရသင်ရမယ့် သင်ရိုးတွေအဖြစ်ထည့်သွင်းတာတွေအပါ တခြားနည်းမျိုးစုံကိုသုံးပြီးအာဏာာပိုင်တွေ၊ Gender အရေးတက်ကြွက်လှုပ်ရှားသူတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေ ပြုလုပ်ကြဖို့လိုပါတယ်။