Border News Agency
ကျောက်တော်၊ မေ ၁၄။
ကျောက်တော်မြို့၊ ရွာမရပ်ကွပ်၊ ရွှေကျောင်းဘုန်းကြီးကျောင်းနောက်လမ်းကို စစ်ကောင်စီတပ်က မေလ ၁၄ရက်၊ ဒီနေ့ညနေ ၃နာရီ ၅၁မိနစ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ အ မျိုးသမီးငယ်တဦးသေဆုံးပြီးလေးဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီအမျိုးသမီးတွေငယ်ဟာ စစ်တွေမြို့နယ်၊ဗျိုင်းဖြူကျေးရွာမှ ကျောက်တော်မြို့ကို မိသားစုတွေနဲ့အတူ စစ်ဘေးရှောင်တိမ်းနေသးဖြစ်ပါတယ်။
အဲဒီဒဏ်ရာရသွားသူတွေကတော့ စစ်ဘေးရှောင်တွေနဲ့ ကျောက်တော်မြို့ခံတွေဖြစ်ကြတယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
“ဗုံးက တလုံးတည်း လာချသွားတာ။ ဒဏ်ရာရသူတွေကိုတော့ အရေးပေါ်ဆေးရုံပို့ဆောင်နေတယ်။အိမ်တွေလည်းပြိုသွားတယ်။ နောက်ထပ်သေဆုံးသူတွေရှိနိုင်သေးတယ်။ အိမ်ပြိုတာတွေနဲ့ ပိနေတော့ ဘယ်လောက်သေတယ်ဆိုတာ အခုတော့ အတိအကျမသိရသေးပါဘူး။” လို ကျောက်တော်မြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် လူနေအိမ်တွေလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်၊ထွန်းရဝေရွာဟောင်းကိုလည်း မေလ ၁၃ ရက်၊ မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ၁၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ် ရာရခဲ့ပါတယ်။
အဲဒီအပြင်ကျောက်တော်မြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နဲ့၁၉ ရက်ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့အမျိုးသားတဦးသေဆုံးခဲ့ပြီးနှစ်ဆယ့်လေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အသေးစိတ်အအချက်အလက်တွေကိုဆက်လက်ဖော်ပြပါမယ်။