အာရက္ခဒေသက အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေ

By

Border News Agency
မင်းပြား၊ မေ ၂၄။

အာရက္ခဒေသက အမျိုးသမီးတွေဟာ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ အမျိုးသမီးတွေနဲ့အမျိုးသမီးအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြသေးတာမို့ အမျိုး သမီးတွေ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေရေးဆွဲအကာအကွယ်ပေးဖို့လို အပ်တယ်လို့ အမျိုးသမီးအရေးဆောင် ရွက်နေကြသူတွေက ဆိုကြပါတယ်။

“ခုဆိုလို့ရှိရင် ကျမတို့နဲ့ရင်းနှီးတဲ့သူတွေကပြောတယ်။ကျမတို့က လုံခြုံမှုမရှိဘူး။အမျိုးသမီးအဖွဲ့တွေထဲကလည်း လေသံတွေထွက်လာတယ်။လုံခြုံမှုက င်းမဲ့လာတယ်။လုံခြုံမှုရှိအောင်ဘယ်လိုကြံဆောင်ပြီးတော့ လုပ်ရမလဲပေါ့။ကျမတို့ ဘယ်လိုကြိုးစားပြီးလုပ်ရမလဲဆိုတော့ အဓိကအနေနဲ့ဥပဒေကိုရေးဆွဲကြတဲ့အချိန်မျိုးမှာ သေသေချာချာထည့်ပေးဖို့လိုပါပြီ။” လို့ ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ဥက္ကဋ္ဌဒေါ်ညိုအေးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသက စစ်ဘေးရှောင်ငါးသိ န်းငါးသောင်းကျော်ထဲမှာ အမျိုးသမီးစစ်ဘေးရှောင်သုံးသိန်းခြောက်သောင်းနီးပါးပါဝင်ကြတာမို့ စစ်ဘေးရှောင်ဦး ရေရဲ့ငါးဆယ့်ခုနှစ်ရာခိုင်နှုန်းဟာ အ မျိုးသမီးတွေဖြစ်ကြပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ကိုယ်စိတ်နှစ်ပါးမလုံခြုံကြသလို စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့နေထိုင်နေကြရပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာတွေလည်းရှိနေတာမို့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မင်းပြားမြို့နယ်၊ဖားပြိုကျေးရွာမှာ ဧ ပြီလ ၆ ရက်နေ့က အသက်ကိုးနှစ်အရွ ယ်အမျိုးသမီးငယ်တဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

အဲဒါဟာ အာရက္ခဒေသက အမျိုးသမီးတွေကို ဘေးကင်းလုံခြုံကင်းမဲ့စေကြပြီး စိုးရိမ်ကြောက်လန့်စိတ်တွေကို ဖြစ်ပေါ်စေတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။

“ဒီသက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ အာရက္ခတပ်တော်အနေနဲ့ နိုင်ငံကြီးတွေလို ထိထိရောက်ရောက်အရေးယူပေးစေချင်တယ်။တခုခုအရေးကြုံလာရင် ဘယ်သူ့ကို အားကိုးရမလဲဆိုတာတောင်မသိသေးဘူး။” လို့ အာရက္ခအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့ကစတင်ပြီး အမျိုးသားကာကွ ယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP)ကို ထုတ်ပြန်ထားတယ်လို့ မေ လ ၂၂ ရက်နေ့က တရားဝင်ထုတ်ပြန်ပါတယ်။

အဲဒီအရေးပေါ်ပြဋ္ဌာန်းချက်အရ အသ က်တဆယ့်ရှစ်နှစ်မှအသက်နှစ်ဆယ့်ငါးနှစ်အတွင်းအမျိုးသမီးအားလုံးဟာစစ်မှုထမ်းရန်အကျုံးဝင်တာမို့ အာရက္ခဒေသပြင်ပသို့ ထွက်ခွာသွားလာခွင့်ကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတားမြစ်ကန့်သတ်ခံထားပါတယ်။

အဲဒီပြဋ္ဌာန်းချက်ချိုးဖောက်သူတွေကို တည်ဆဲဥပဒေအရအရေးယူမယ်လို့ ဆိုပါတယ်။

အဲဒီစစ်မှုထမ်းပြဋ္ဌာန်းချက်ကို အာရက္ခဒေသကအမျိုးသမီးတွေဟာ အမြင်မတူမှုတွေ၊သဘောမတူလက်မခံတာတွေလည်းရှိနေကြတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင် အဓမ္မခိုင်းတာတွေကို လက်မခံဘူး။စစ်သွေးမကြွသေးတဲ့ကလေးတွေက သူတို့ကိုယ်တိုင်လည်းမသွားချက်ဘူး။မိဘတွေကလ ည်း မသွားစေချင်ဘူး။ပြည်သူတွေက စစ်ဆိုတဲ့အသံကြားရင် ကြောက်နေကြပြီ။ခုထမင်းနှစ်ထပ်စားရဖို့အရေးကို နေ့မအား၊ညမအားလုပ်နေကြရတာမှာ ဒီစိတ်ဝင်စားတဲ့သူတွေကို တားလို့မရဘူး။အခြေအနေအမျိုးမျိုးကြောင့် မသွားနိုင်တဲ့သူတွေကို ဆွဲခေါ်တာတွေက လူ့အခွင့်အရေးကို ကိုယ့်လူမျိုးတွေဆီမှာ ချိုးဖောက်ခံနေရတယ်လို့မြင်မိပါတယ်။အတင်းအဓမ္မလုပ်တာမျိုးကိုတော့ ကျမတို့လက်မခံဘူး။” လို့ ရသေ့တောင်မြို့နယ်မှ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသတခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူလူထုကို အခြေခံလူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသွားလာခွင့်ကို ချိုးဖောက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွေရှိ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို အထူးအလေးထားတဲ့ဆုံးဖြတ် ချက်ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ၂၀၀၀ ပြည့်နှစ်၊အောက်တိုဘာ လ ၃၁ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)မှာ အမျိုးသမီးတွေရဲ့ကိုယ်စားပြုပါဝင်မှု(Participation)၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးမှု(Protection) ၊ကြိုတင်တာဆီးမှု(Prevention)၊ ကယ်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေး(Relief and Recovery)စတဲ့ အချက်တွေကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက လိုက်နာအကောင်အထည်ဖော်ရန်တာဝန်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here