အင်တာဗျူး
Border News Agency
မြောက်ဦး၊ သြဂုတ် ၁၈။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခ က်အခဲတွေကို ရင်ဆိုင်နေကြရပါတ ယ်။
အဲဒီအထဲမှာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်တွေလည်းပါဝင်ပါတယ်။
မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးကို Border News Agency က တွေ့ဆုံမေးမြန်းထားပါတယ်။
“ကျမနာမေ ဆန်းနွယ်အေးပါ။ စစ်တွေမြို့နယ်၊ ကျောက်တန်းက စစ်ဘေးရှောင်လာတာပါ။ ခုစစ်ဘေးရှောင်စခန်းက သံချောင်းရွာသစ်ပါ။ မိသားစုခုနှစ်ယောက်ရှိပါတယ်။”
“အခက်ခဲကတော့အများကြီပါ။ အခက်အခဲဖြစ်တာကကျောင်းမတက်ရတဲ့ ကလေးတွေလည်းပါပါတယ်။ ကျောင်းမတက်ရတဲ့ကလေးတွေကို ကျမသင်ပေးနေပါတယ်။ နည်းနည်းပါးပါးပါ။ ကိုယ်တတ်သလောက် မှတ်သလောက်နဲ့နည်းနည်းပါးပါး သင်ပေးနေပါတယ်။”
“စားဝတ်နေရေးအဆင်မပြေတဲ့သူတွေလည်းရှိပါတယ်။အလုပ်အကိုင်လည်း မရှိဘူးဖြစ်နေကြပါတယ်။အခက်အခဲတွေက အများကြီးဖြစ်နေကြပါတယ်။”
“တရက်စားဖို့အတွက်က တရက် အလု ပ်လုပ်နေရပါတယ်။တရက်စားဖို့အတွက်က တရက်ရှာနေရပါတယ်။ပြင်နေရပါတယ်။တရက်စားဖို့အရေးကို ရှာနေရတဲ့သူတွေလည်းအများကြီးပါ။တရက်လုပ်မှ တရက်စားရတဲ့သူတွေလည်းအများကြီးပါ။”
“အကူညီကလိုချင်တာက အများကြီးပါ။ နည်းနည်းပါးပါး ကယ်ဆယ်ရေးတော့ပေးစေချင်ပါတယ်။ အရင်တုန်းကတော့ ကယ်ဆယ်ရေးရကြပါတယ်။ အခုကယ်ဆယ်ရေးမရတော့ဘူးဆိုတော့… ကျပ်တည်းသူတွေလည်းအများ ကြီးကျပ်တည်းကြပါတယ်။ ကယ်ဆယ်ရေးရတုန်းကတော့ နည်းနည်းပါးပါးခံသာနိုင်ပါသေးတယ်။ ခုဆို…ကယ်ဆယ်ရေးမရလို့ အကျပ်အတည်းတွေရှိကြပါတယ်။”
“အာရက္ခအစိုးရက အရင်တုန်းကတော့ ကူညီပေးပါတယ်။ခုတော့ မပေးပါဘူး။ ခုက ကယ်ဆယ်ရေးလည်း ပိတ်လိုက်ပြီလေ။အဲဒါကြောင့် အခက်အခဲတွေတော့ များနေပါတယ်။”
“အာရက္ခအစိုးရက ပိုက်ဆံတွေထောက်ပံ့ခဲ့ပါတယ်။ အိမ်မှာလိုအပ်တဲ့ နည်းနည်းပါးပါးတော့ ဖြည့်ဆည်းပေးခဲ့ပါတယ်။”
“အခက်အခဲကတော့အများကြီးဖြစ်နေပါတယ်။ လောလောဆည်မှာ အများအားဖြင့်တော့ လူကြီးတွေကို ကြည့်ရတာတမျိုးကြီးစိတ်မချမ်းသာပါ။ဘာလို့ဆို…အဲဒီလူကြီးတွေက တရက်တ ရက်လာရင် မှိုင်ပြီးတော့ ကြည့်လိုက်ရင်လည်း မျက်နှာတွေ ညှိုးနေကြပါတယ်။”
“မုန့်ရောင်းတဲ့သူတွေဆိုလည်း အရင်တုန်းကဆို မုန့်တွေရောင်းကြရပါတယ်။ ခုကတော့…သိပ်ဝယ်မစားကြတော့ပါဘူး။ ရွာသားတွေလည်း ကျပ်တည်းကြပါတယ်။”
“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။ ရွာသားတွေလည်း တအားကျပ်လို့ ရွာသားတွေလည်း မဝယ်စားနိုင်ဖြစ်နေကြပါတယ်။”