အင်တာဗျူး
Border News Agency
ကျောက်တော်၊ ဇူလိုင် ၂၆။
ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာက အသက်ငါးဆယ်ကျော်အရွယ်ဒေါ်ဝင်းနုရီကို ဇူလိုင်လ ၂၄ ရက်နေ့ညမှာ ဓားမြတိုက်သတ်ဖြတ်ခဲ့ကြပါတယ်။
သူမ တယောက်တည်းအိပ်နေချိန်မှာဓားမြတိုက်သတ်ဖြတ်ခဲ့ကြပြီး နေအိမ်ရှိ ရွှေတွေ၊ ငွေတွေကို ယူဆောင်သွားကြတာဖြစ်ပါတယ်။
သူမရဲ့အမျိုးသားဦးထွန်းလှစိန်ဟာ ဇူ လိုင်လ ၂၅ ရက်နေ့ လယ်မှအိမ်ပြန် လာချိန်မှာသာ သူမအလောင်းကိုတွေ့ခဲ့တာလို့ ဆိုပါတယ်။
သူမရဲ့မိသားစုဝင်တဦးကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“ဘယ်ဖက်ကနှစ်ပေါက်ဖြစ်ပါတယ်။လည်ပင်းမှာလည်းဓားနဲ့လှီးထားတဲ့အရာတွေရှိတယ်။ရင်ဘက် ဘယ်ဖက်ကဟာပိုပြီးဒဏ်ရာကြီးပါတယ်။မနေ့ညက ဆရာဝန်ဆီသွားပြီးဆေးသွားစစ်ခဲ့တော့ အထဲကအသည်းနာသွားတယ်လို့ပြောပါတယ်။သေသွားပါတယ်။မနေ့ညက သဂြိုလ်လိုက်ပါတယ်။နာမည်ကတော့ ဝင်းနုယဥ်ပါ။အသက်ကတော့ ငါးဆယ်ကျော်လောက်ရှိပါတယ်။ဓားပြတိုက်တာကတော့ ၂၄ရက်နေ့ကပါ။သူ့ယောကျ်ားပြန်ရောက်တော့ သူ့မိန်းမကိုခေါ်တယ်ပြောတယ်။နင်အိ မ်ပေါ်ကမဆင်းသေးဘူးလားပြောပြီး ။သူ့မိန်းကလှုပ်လည်းမလှုပ်၊အသံလည်းမထွက်တော့ဘူး။အဲဒီအချိန်မှာ သူ့မိန်း မကသေနေပြီ။ဘာတခုမှမကြား လိုက်ဘူးလို့ပြောပါတယ်။သူ့အိမ်ကွင်းကကျယ်တော့ ဟိုဘက်ကပြောတာဒီဘက်ကမကြားရဘူး။ဘေးအိမ်ကလည်းမကြားလိုက်သလို ရှေ့အိမ်ကလည်းအသံမကြားလိုက်ဘူးလို့ပြောပါတယ်။သန်းခေါင်းယံအချိန်လောက်မှာ ဖြစ်တာပါ။ဓားပြတိုက်တာပါ။ပစ္စည်းတွေကတော့ ရွှေသုံးကျပ်၊လေးကျပ်လော က်ပါသွားတယ်လို့ပြောပါတယ်။ပိုက် ဆံလည်းပါသွားပါတယ်။ပိုက်ဆံက တော့ သူ့သားဆီကဆယ်သိန်းပို့ထားတာ အပြင်မှာထုတ်ပြီးအိပ်တာတော့ သုံးသောင်းလို့ပြောပါတယ်။နောက်ထ ပ်ဘယ်လောက်ပါသွားလည်းဆိုတာတော့မသိပါဘူး။သားသမီးက လေးယောက်ရှိပါတယ်။ယောကျ်ားလေးနှစ်ယောက်၊မိန်းကလေးနှစ်ယောက်ရှိပါတယ်။နိုင်ငံခြားမှာသုံးယောက်၊ရွာမှာတယောက်ရှိပါတယ်။ရွာမှာတယောက်ကတော့ အိမ်ထောင်ကျနေတာ။အကြီးဆုံးဖြစ်ပါတယ်။ဟုတ်ပါတယ်။မနေ့ညကသဂြိုလ်လိုက်တာပါ။အဲဒါကတော့ ကိုယ့်လူအနီးစပ်ဆုံးလူတွေကလာပြီးလုပ်သွားတယ်လို့လည်း ထင်ကြပါတယ်။အိမ်းတံခါးတွေလည်းဖွင့်ထားတယ်။ပြတင်းပေါက်တွေလည်းဖွင့်ထားတယ်။အိပ်တာကတော့ အဲဒီအန်တီတယောက်ပဲအိပ်တာ။ကလေးလည်းမရှိဘူး။သူ့ယောကျ်ားက နွားတင်းကု တ်မှာ။သူ့မိန်းမက အိမ်မှာအိပ်တာပါ။အဲဒီအချိန်မှာ လုပ်သွားတာပါ။ညနေ ငါးနာရီလောက်မှာ သဂြိုလ်လိုက်တာပါ။ဆေးရုံကနေခေါ်လာပြီး ဆေးစစ်တာကပိုက်ဆံလေးသောင်းကုန်တယ်။မနက်ပိုင်းလောက်မှာ ဆေးရုံကားနဲ့ယူလာခဲ့ပါတယ်။ဆေးစစ်တာကအချိန်တော့ တော်တော်ကြာခဲ့ပါတယ်။ဆရာ ဝန်ကစစ်ဆေးပါတယ်။အတွင်းအင်္ဂါတွေပျက်စီးသွားတယ်လို့ပြောပါတယ်။ ပါးစပ်၊နှာခေါင်းတွေက လည်ပင်းတွေက လည်ပင်းလှီးခဲ့တာတော့ ဘာမှမဖြစ်သွားပါဘူး။ရင်ဘက်ကအများဆုံးဖြစ်ပြီး ဘယ်ဖက်ကပိုပြီးအထဲကိုဝင်သွားပါတယ်။ညာဖက်ကတော့နှစ်ပေါ က်လောပေါက်သွားပါတယ်။ဒါပေမယ့် နည်းပါတယ်။တယောက်ထဲသေနေတာ ပါ။သူ့ယောကျ်ားပြန်လာမှပဲသိတာပါ။ အမလေး…ဘာဖြစ်သွားလဲမသိတော့ဘူးပြောပြီး အကုန်လာကြတဲ့အခါ ပစ္စည်းတွေကပြန့်ကြဲနေပြီး နောက်တော့မှ ငါ့အိမ်ကိုဓားပြတိုက်တာပဲဆိုပြီးမှ သိသွားကြတာပါ။အေအေတွေကတော့ ပြောပါတယ်။မနေ့ညကလည်းရောက်လာကြပါတယ်။ရဲကရောက်လာပြီး သူ့ရဲ့အလောင်းကိုရဲယူသွားပါတယ်။ဆေးရုံမှာစစ်ဆေးပါတယ်။”